February 21, 2013

How to create Free Apple ID

ပြီးခဲ့တဲ့ တစ်ပတ်က  Sony Xperia P လေး သွားဝယ်ရင်းနဲ့  
Phone ဆိုင်မှာ Apple ID ဖွင့်လျှင် 5000 Kyats လို့ တွေ့ လိုက်တော့ 
ဒီ Post လေးကိုရေးဖြစ်လိုက်တာပါ ။
သင့်မှာ Internet Connection ရှိရင် Free ဖွင့်လို့ ရပါတယ် ။ ကျပ် ၅၀၀၀ လဲကုန်စရာမလိုပါဘူး ။

တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၅၅) နိုင်ငံ ရှိပါတယ်။
Apple ID (၁၅၅) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်.. 

Apple ID တစ်ခု အတွက် လိုအပ်ချက်များ

  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက "Apple ID" အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် "Rescue mail" အနေနဲ့  ပေးထားရပါတယ်။
  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်...  

*** STEP 1 ***
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။
 


*** STEP 2 ***
iTunes ၏ ဘယ်ဘက်ခြမ်းရှိ "iTunes Store" ကို ရွေးပါ။  





ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း "iTunes Store" ကိုတွေ့ ရမည်။  


*** STEP 3 ***
"Change Country" ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (
နမူနာ အနေနဲ့  US Account ကို ဖွင့်သောကြောင့် US ကို ရွေးပါမည်)


Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။  




 *** STEP 4 ***
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။  





 *** STEP 5 ***
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ "Create Apple ID" ကို နှိပ်ပါ။ 




 *** STEP 6 ***
"Welcome to the iTunes Store" page တွင် "Continue"

"Terms and Conditions and Apple Privacy Policy" တွင် "I have read and agree....." ကို Check လုပ်ပြီး "Agree"




*** STEP 7 ***
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။ 



  • "Email" တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။

  • "Password" သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။

  • "Security info" မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို "abcd" ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)

  • "Optinal Rescue mail" မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး "Continue" နှိပ်ပါ။
 

 *** STEP 8 ***
"Provide a Payment Method" တွင် "None" ကိုရွေးပါ။

US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။  




  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။

  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။


  *** STEP 9 ***
အားလုံးပြီးစီးပါက "Create Apple ID" ကို နှိပ်ပါ။

 
*** STEP 10 ***
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။
 
  *** STEP 11 ***
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။  


*** STEP 12 *** 



အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။  




 *** STEP 13 ***

အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ... 



February 1, 2013

Myanmar Tripitaka

   

Myanmar Tripitaka
......................................................
ပိဋကတ်သုံးပုံကိုမြန်မာလို နာယူလိုသူတွေအတွက် android app အဖြစ်ရရှိနိုင်မှာပါ။ 
ဆဋ္ဌသင်္ဂါ ယနာတင် မြန်မာဘာသာပြန်ပိဋကတ်သုံးပုံကို ဖတ်ရှုနာယူနိုင်မှာဖြစ်ပြီး 
ဝိနည်းပိဋက၊ အဘိဓမ္မာပိဋက မြန်မာပြန်အပြင် 
 အခြားသုတ္တန်နဲ့ နိကာယ်တွေကို ဖတ်ရှုနာယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။
 ဒါ့အပြင် PDF ဖိုင်အနေနဲ့ သိမ်းဆည်းထားချင်တယ်ဆိုရင်တော့
 အင်တာနက်ချိတ်ဆက်ပြီး ဒေါင်းလုပ်ပြု လုပ်ရပါလိမ့်မယ်။ 

App ရေးဆွဲသူတွေဟာ ပိဋကတ်သုံးပုံဆိုသည်မှာ 
ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ် ၄၅ ဝါပတ်လုံး ဟောကြားခဲ့တဲ့
 တရားတော်တွေကို ပရိနိဗ္ဗာန်စံတော်မူပြီးနောက် 
 ရေးသားမှတ်တမ်း တင်ထားတဲ့ စာပေတွေကို ခေါ်ဆိုတယ်လို့ရှင်းလင်းပြသထားတဲ့အပြင်
 ပိဋကတ် သုံးပုံဆိုတဲ့နေရာမှာ တစ်နည်းအားဖြင့် 
ဝိနယ ပိဋကတ်၊ အဘိဓမ္မာပိဋကတ်နှင့် သုတ္တန္တ ပိဋကတ်
ဟု၍သုံးမျိုးခွဲခြားထားတယ်ဆို တဲ့အကြောင်း
 ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အသေးစိတ်နားလည်နိုင်အောင်
 ရှင်းလင်းပြသပေး ထားပါတယ်။ 
ယခင်က ပိဋကတ်သုံးပုံအကြောင်းကို
မသိရှိရင်တောင်မှ ဒီ Appကိုသုံးစွဲကြည့်ခြင်းဖြင့် 
ဝိနည်းနဲ့ အဘိဓမ္မာအကြောင်းတွေကို အကျွမ်းတဝင်နားလည်သွားနိုင်ပါတယ်။ 
စာအုပ်စာပေတွေအရ သာလေ့လာမယ်ဆိုရင် 
စာအုပ်ပေါင်းများစွာကိုင်တွယ်အသုံးပြုရမှာဖြစ်ပြီး 
 ယခုစမတ်ဖုန်းအတွင်းမှာ သုံးစွဲမယ်ဆိုရင်တော့
 App တစ်ခုအနေနဲ့သာဖြစ်တဲ့အတွက်
 ရဟန်း သံဃာတော်တွေအနေနဲ့ အိတ်ဆောင် ပိဋကတ်သုံးပုံစာအုပ်တစ်အုပ်
အနေနဲ့အသုံးပြုနိုင်မှာပါ။

Android ဖုန်းနဲ့ သတင်းတွေ Offline ဖတ်မယ် ။

သတင်းများ အင်တာနက်ဖွင့်ထားလျှင် အလိုအလျောက်ဝင်ခြင်း၊
သုတ၊ ရသ၊ နည်းပညာ၊ သတင်း ဆောင်းပါး များ သတင်းဌာနများ၏ သတင်းများကို ဤ App လေးဖွင့်ပြီး Update လုပ် ရုံဖြင့် သိရှိနိုင်ခြင်း ( Facebook RSS Feed နည်းပညာ သုံးထားခြင်း) စသဖြင့် ပြုလုပ်ထားပါသည်။



App Open>>Source
၁။ သစ်ထူးလွင် (သတင်းစာမျက်နှာ)
၂။ ရိုးရာလေး (သတင်းစာမျက်နှာ)
၃။ Voice Of America(VOA) (သတင်းစာမျက်နှာ)
၎။ Democratic Voice of Burma(DVB) (သတင်းစာမျက်နှာ)
၅။ အင်တာနက်ဂျာနယ် (နည်းပညာ)
၆။ ဧရာဝတီ (သတင်းစာမျက်နှာ)
၇။ ဧရာဝတီ ဘလောဒ့် (သတင်းစာမျက်နှာ)
၈။ Opposite Eye (သတင်းစာမျက်နှာ)
၉။ မောင်ကျောက်ခဲ (သတင်းစာမျက်နှာ)
၁၀။ Myanmar Mobile App Store(MMAS) (မိုဘိုင်းဖုန်းနည်းပညာ)
၁၁။ ဝင်းကမ္ဘာကျော် (နည်းပညာ)
၁၂။ ဒေါင်းမာန်ဟုန် (သတင်းစာမျက်နှာ)
၁၃။ Myanmar Hiphop Channel(MHC) (လူငယ်ကြိုက် သီချင်းသစ်များ)
၁၄။ TechSpaceဂျာနယ် (နည်းပညာ)
၁၅။ Models (ခေတ်သစ်မော်ဒယ်လေးများ)
၁၆။ နစ်နေမန်း (သတင်းစာမျက်နှာ)
၁၇။ သမ္မတရုံး (သမ္မတရုံးစာမျက်နှာ)
၁၈။ ခေတ်လူငယ် (သတင်းစာမျက်နှာ)
၁၉။ Hot News Weekly (သတင်းဆောင်းပါး)
၂၀။ဒေါက်တာလွဏ်းဆွေ(သတင်းစာမျက်နှာ)
၂၁။ ပေါ်ပြုလာဂျာနယ် (သတင်းစာမျက်နှာ)
၂၂။ မိုးမခ (သတင်းစာမျက်နှာ)
၂၃။ ချစ်သူဆီသို့ (ခံစားချက် ရသ)
၂၄။ မြန်မာပြည်မှမြန်မာလူမျိုး (သုတ+ရသ)
၂၅။သက်တန့်ချို( ရသစာပေများ)
၂၆။Nine Nine Sanay @ နိုင်းနိုင်းစနေ( ရသစာပေများ)
၂၇။ စနေဖြိုး {S@n@y Phyo}( ရသစာပေများ)
၂၈။ Heart Canteen( ရသစာပေများ)
၂၉။ RFA Burmese(သတင်းစာမျက်နှာ)
၃၀။ The Voice Weekly(သတင်းစာမျက်နှာ)
၃၁။ Planet Myanmar Network(သတင်းစာမျက်နှာ)
၃၂။ Mizzima - News in Burmese(သတင်းစာမျက်နှာ)
၃၃။ CJMyanmar(သတင်းစာမျက်နှာ)
၃၄။88 Generation Students(88မျိုးဆက်ကျောင်းသားများ)
၃၅။ Burma VJ Media Network(သတင်းစာမျက်နှာ)
၃၆။ Freedom News Group(Burma) (သတင်းစာမျက်နှာ)
၃၇။ Myanmar journal download(အပတ်စဉ် ဂျာနယ်များDownloadဆွဲရန်)
၃၈။ Messenger News Journal(သတင်းစာမျက်နှာ)
၃၉။ Shwe Myitmakha Media Group(သတင်းစာမျက်နှာ)
၄၀။ ရဲဇာနည်(ပြည်ထဲရေးမှ ထုတ်ပြန်သော မူခင်းသတင်း)
၄၁။ News of Myanmar(သတင်းစာမျက်နှာ)
၄၂။ ITgroup(နည်းပညာ)
၄၃။BBC Burmese(သတင်းစာမျက်နှာ)
၄၄။ 7Day News Journal(သတင်းစာမျက်နှာ)

မိမိမနှစ်သက်သော သတင်းဌာနများ ပါရှိပါက (သို့) သတင်းများခြင်းကြောင့် သတင်းဌာန အချို့အား ပယ်ဖျတ်လိုပါက Source>> သတင်းဌာနအား Long Press >> Delete Feed လုပ်လိုက်ပါ။

(၁) သတင်းများ ပုံထပ်နေခြင်း(များပြားနေခြင်း)၊၎င်းမှ မိမိဖုန်း/Tablet အား လေးလံသည်ဟု ခံစားနေမိခြင်း။
HWH App စတင် Installပြီး အင်တာနက်ဖွင့်ကာ စတင် Updateလုပ်ချိန်တွင် သတင်းများ ရာ၊ထောင်ချီတတ်လာမည် ဖြစ်သည်။ ထိုသတင်းများသည် မိမိဖုန်း/Tablet ၏ RAM/CPU Usageကို သိသာစွာ မနှောင့်ယှက်ပါသဖြင့် စက်မလေးနိုင်ပါ။ သို့သော် ဖုန်း SD Cardတွင် Memoryတော့ အနည်းငယ် စားပါသည်။ ထို့ကြောင့် သတင်းများအား ဖတ်ပြီးလျှင် Delete နှင့် Clear Cache လုပ်ပေးပါ။ Manual မလုပ်ချင်ပါက 
App Open>>Option>>More>>Settings>>Message Store>> Keep unread items အမှန် ဖျတ်>> Clear cache intervalကို One dayလောက်ထား>> Auto cleanup read နှင့် Auto cleanup unreadကို Two days (သို့) ကိုယ် ကြိုက်သလောက်ထားပါ။
(၂) သတင်းများ အပြည့် မပေါ်ခြင်း၊ ဓါတ်ပုံများ မပေါ်ခြင်း
အချို့သော သတင်းဌာနများ(ဥပမာ-သစ်ထူးလွင်၊ ရိုးရာလေး) သည် သတင်းအပြည့်ပေးသည်မှာ နည်းသည်။ စိတ်ဝင်စား၍ ဖတ်ရူလိုပါက အင်တာနက်ဖွင့်ကာ 
Option>>Open နှိပ်ကာ Browserဖြင့် သွားရောက်ဖတ်ရူနိုင်ပါသည်။ HWH တွင် ထည့်ပေးထားသော Link အများစုမှာ  သတင်းအပြည့်ပေါ်ပါသည်။ မပေါ်ပါက ပုံတွင် ပြထားသည့် အတိုင်း စမ်းကြည့်ပါ။ ဓါတ်ပုံများ မပေါ်သည်မှာ update လုပ်နေစဉ် connection ကျသွားခြင်း၊ connection အရမ်းနှေးခြင်း တို့ကြောင့်ဖြစ်ပါသည်။
(၃) Gothere Myanmarကဲ့သို့ သတင်းများ Auto ၀င်လိုခြင်း၊ သတင်းဖတ်လိုပါက အင်တာနက်ဖွင့်ကာ Update All လုပ်နေရသည်ကို မနှစ်သက်ခြင်း။
 App Open>>option>>More>>Settings>>Article Updates>>Automatic Updates အမှန်ခြစ်>> Update interval အား 15 mins အနည်းဆုံး ထားကြည့်ပါ။ သတင်းများ အင်တာနက်ဖွင့်ထားရင် Auto update လုပ်နေပါလိမ့်မယ်။
(၄) သတင်းဌာန အချို့အား ဖြုတ်ပေးရန် တောင်းဆိုခြင်း
ထို User အား အထူးမေတ္တာရပ်ခံပါသည်။ သင် မနှစ်သက်သော သတင်းဌာနမှ သတင်းများ လုံးဝ မလိုချင်ပါက Source>> သတင်းဌာနအား Long Press>>Delete Feed လုပ်လိုက်ပါ။
 HWH App အနေဖြင့် သတင်း၁ပုဒ် မည်မျှမှန်ကန်သည်၊ ခိုင်လုံသည်ကို သတင်းဌာနပေါင်းများစွာဖြင့် ဖော်ပြပေးနေပါသည်။ ထိုသတင်းအပေါ် မှန်၏၊ မမှန်၏၊ ယုံကြည်ရလောက်၏ ဆိုသည်မှာ User၏ တွေးတော ဆင်ခြင် သုံးသပ်မူပေါ်တွင်သာ မူတည်ပါသည်။
 ဒီမှာယူပါ ။