July 11, 2013
သည်းခြေအိတ် တွင် ကျောက်တည်ခြင်း အတွက်ကုထုံး ။
သည်းခြေအိတ် တွင် ကျောက်တည်ခြင်း အတွက်ကုသနည်း
Dr.Lai Chiu-Nam ၏ ဆေးနည်းဖြစ်ပါသည် ။
သည်းခြေကျောက်တည်သော ရောဂါ၏ လက္ခဏာ တစ်ခုမှာ
အစာကိုများများ စားပြီးနောက် ဝမ်းဗိုက်ပြည့်တင်း ဖေါင်းကားလာသကဲ့သို့ ခံစားရခြင်းဖြစ်တတ်သည် ။
အစာမကျေ သကဲ့သို့ လည်းခံစားရပါသည် ။ ရောဂါအခြေအနေပိုဆိုးလာပါက
အသည်းနေရာ တဝိုက်တွင် နာကျင်မှု့ ကို ခံစားရပါမည် ။
ဘယ်လို ကုရမလဲ ?
၁ ။ ပထမ ( ၅ ) ရက်တွင် နေ့ စဉ် ပန်းသီး ဖျော်ရည် ( ၄ ) ခွက် သောက်ပါ ။
     (သို့ မဟုတ်) ပန်းသီး လေး ၊ ငါးလုံး စားပါ ။
     တရုတ်ပြည်မှ ဝင်သော အခွံနီ ပန်းသီးအကြီး ဖြစ်ပါသည် ။
     အစိတ်သေးသေးစိတ်၍  မနက် ၂ လုံး ၊ နေ့ လည် ၂ လုံး ၊ ည ၁ လုံး စားနိုင်ပါသည် ။
     *** ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ***
၂ ။ ၆ ရက်မြောက်သောနေ့ တွင် ညစာ မစားဘဲနေပါ ။
၃ ။ ထိုနေ့  ညနေ ၆ နာရီတွင် ဆားခါး 
     ( Epsom salt ) ( MgSo4 ) တစ်ဇွန်းကို ရေနွေး တစ်ဖန်ခွက် နှင့်သောက်ပါ ။
၎ ။ ည ( ၈ ) နာရီ တွင် အထက်ပါအတိုင်း ဆားခါး တစ်ဇွန်း ထပ်သောက်ပါ ။
     *** ဆားခါးသည် သည်းခြေအိပ်ပြွန်များကို ပွင့်စေပါသည် ။ ***
၅ ။ ည ( ၁၀ ) နာရီတွင် သံလွင်ဆီ ( သို့ ) နှမ်းဆီ ပန်းဂံလုံး တစ်ဝက် ကို
     လတ်ဆတ်သော သံပုရာရည် ပန်ဂံလုံး တစ်ဝက် နှင့် သေချာစွာ ရောမွှေပြီးမှ သောက်ပါ ။
     *** ဆီ သည် သည်းခြေကျောက်များကို ချောမွေ့ စွာ ထွက်စေနိုင်ပါသည် ။ ***
     ပန်းဂံလုံး တစ်လုံးစာ = ၂၅၀ မီလီ လီတာ
နောက်တစ်နေ့  ဝမ်းသွားသောအခါ ဝမ်းထဲတွင် အစိမ်းရောင်ကျောက်များကို တွေ့ ရပါမည် ။
July 5, 2013
နှလုံးသွေးကြော ကျဉ်းသည့် ရောဂါရှိသူများ အတွက်ဆေးနည်းကောင်း ။
နှလုံးသွေးကြော ကျဉ်းသည့် ရောဂါရှိသူများ အတွက်
ယ္ခုပြောပြမယ့် အိမ်တွင်းဆေး လေးကို သောက်ကြည့်ပါ ။
၃ လ ခန့် သောက်ပြီးလျှင် အချို့ သော By-Pass Surgery  လုပ်ရန် လိုအပ်သူများ သည်
By-Pass Surgery  လုပ်ရန်မလိုဘဲ ကောင်းမွန်သွားသည်မှာ
နီးစပ်ရာ ဝေဒနာရှင်များ လက်တွေ့ ဖြစ်ပါသည် ။
ငွေကုန် ကြေးကျ သိပ်မများ၍ လူတိုင်းတတ်နိုင်မည်ဟုထင်ပါသည် ။
Side Effect အန္တရယ် ဖြစ်မှာ ကိုလဲ စိုးရိမ်စရာမလိုပါ ။
ဘယ်လို လူတွေသောက်သင့်သလဲ ?
နှလုံးသွေးကြော ကျဉ်းသည့် သူများ ၊
Angiography or By-Pass Surgery လုပ်ရန်မလွယ်ကူသောသူများ ။
ဘာတွေ လိုအပ်သလဲ ?
ဆေးဖေါ်စပ်ရာတွင် လိုအပ်သောပစ္စည်းများမှာ ---
ရှောက်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ပန်းသီးမှထုတ်လုပ်ထားသော ရှာလကာရည် (Apple Cider Vinegar ) နှင့် ပျားရည်စစ်စစ် ။
ရှောက်သီးကို အရည်ညှစ် ရပါမယ် ။
ဂျင်း နှင့် ကြက်သွန်ဖြူ ကို လဲ အရည်ညှစ်ရပါမယ် ။ Blender ရှိရင်တော့ ပိုအဆင်ပြေပါတယ် ။
မရှိလဲ ကိစ္စမရှိပါဘူး ၊ သေသေချာချာ ညက်အောင်ထောင်းလို့ ရပါတယ် ။
Apple Cider Vinegar  ( ပန်းသီးမှထုတ်လုပ်ထားသော ရှာလကာရည် ) ကိုတော့ ရန်ကုန်မှာဆိုရင်
City Mart ဆိုင်တိုင်းမှာ ဝယ်လို့ ရပါတယ် ။ ၁ ပုလင်းမှ ကျပ် သုံး ၊ လေး ထောင်ဝန်းကျင်ပါ ။
ဘယ်လို ဖေါ်စပ်ရမှာလဲ ?
၁ ။ ရှောက်ရေ                  အကြမ်းပုဂံလုံး  ( ၁ ) လုံး
၂ ။  ဂျင်းရေ                     အကြမ်းပုဂံလုံး  ( ၁ ) လုံး
၃ ။  ကြက်သွန်ဖြူ အရေ      အကြမ်းပုဂံလုံး  ( ၁ ) လုံး
၎ ။  Apple Cider Vinegar  အကြမ်းပုဂံလုံး  ( ၁ ) လုံး
  • အပေါ်က ပစ္စည်း ( ၄ ) မျိုးကို အိုးအသေးတစ်ခုထဲထည့်ပါ ။
  • မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အကြမ်းပုဂံလုံး ( ၃ ) ခွက်စာရသည်အထိကြိုပါ ။
  • ( ခန့် မှန်းခြေ  မိနစ် ၆၀ ခန့် ကြာပါတယ် )
  • အကြမ်းပုဂံလုံး ( ၃ ) ခွက်စာ ရပြီ ဆိုလျှင် အအေးခံပါ ။
  • အေးသွားလျှင် ပျားရည်စစ်စစ် အကြမ်းပုဂံလုံး ( ၃ ) ခွက် နှင့် ရောမွှေပါ ။
  • ပြီးလျှင် ပုလင်းသန့် သန့် ထဲသို့ ပြောင်းထည့်လို့ ရပါပြီ ။
ထိုပုလင်းကို ရေခဲသေတ္တာထဲတွင်လည်းထည့်ထားလို့ ရပါသည် ။
ဘယ်လိုသောက်ရမှာလဲ ?
  • နေ့ စဉ်သောက်ရန် နံနက်စာ မစားခင် ( Before Breakfast ) ထ္မင်းစားဇွန်း နှင့် ( ၁ ) ဇွန်း ။
ဆေးသောက်ပြီး ၄၅ မိနစ် လောက်မှ နံနက်စာ ( Before Breakfast ) စားလျှင် ပိုကောင်းပါသည် ။
အားလုံးကျန်းမာချမ်းသာ၍ မိမိခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ ။