February 28, 2009

How to get Singapore Driving Licence.

Singapore Driving Licence လိုချင်ရင် ......
ပထမဆုံး မြန်မာပြည်က Driving Licence လေးတော့ ရှိထားရပါမယ်။
Singapore မှာ Basic Theory Test (BTT) ဖြေပြီး အောင်သွားရင်
Conversion of Foreign Driving Licence ပြောင်းပြီး
Republic Of Singapore Driving Licence ရပြီပေါ့ ။

ဘယ်နေရာ တွေမှာ (BTT) Test ဖြေလို့ ရလဲ ???

Bukit Batok Driving Centre Ltd
815 Bukit Batok West Avenue 5
Singapore 659085
Tel : 65611233 Fax : 66656923
Bukit Batok Driving Centre 815, Bukit Batok West Ave 5

Singapore Safety Driving Centre Ltd
3 Ang Mo Kio Street 62 Ang Mo Kio Industrial Park 3 Singapore 569139
Tel : 64826060 Fax : 64828808
Singapore Safety Driving Centre 3, Ang Mio Kio, St 62

Comfort Driving Centre Pte Ltd
205 Ubi Avenue 4 Singapore 408805
Tel : 68418900 Fax : 68418913
Comfort Driving Centre 215, Ubi Ave 4

ကိုယ်နေတဲ့ နေရာနဲ့  နီးစပ်ရာကို သွားနိုင်ပါတယ်။

ဘာတွေပြင်ဆင် သွားရမလဲ ????

ကိုယ့်ရဲ့  (IC)
valid work-permit / student pass / employment pass / dependant's pass / PR pass
Coustomer Service Counter မှာ Conversion of Foreign Driving Licence အတွက်
BTT Test ဖြေဖို့  အတွက်လို့ ပြောလိုက်ရင် Q နံပါတ်လေးပေးပါမယ်။
ကိုယ့်အလှည့်ရောက်ရင် IC ကိုပေးပြီး လိုအပ်တာတွေ သူတို့ ဖြည့်ပါလိမ့်မယ်။
သူတို့  webpage ကိုဝင်ဖို့ ရန် User Name , Passward (ကိုယ် မှတ်မိ လွယ်မဲ့)ကို ကိုယ့်ဘာသာ ပေးလို့ရပါတယ်။ Test ဖြေဖို့  အတွက် S$6 နဲ့  Registration အတွက်စုစုပေါင်း S$12 ကို Nest / Cashcard နဲ့ သွင်းရပါတယ်။
S$ 12 ဝန်းကျင်က Self study နော် ၊ ဆိုလိုတာက ကိုယ့်ဘာသာ လေ့ကျင့်ရမှာ ။
သူတို့  website မှာ Online study လေ့ကျင့်မယ် ဆိုရင် S$100 ဝန်းကျင်လောက် သွင်းရမှာ။
သိပ်မလိုအပ်ဖူး လို့ ထင်ပါတယ်။
ပြီးရင် Test ဖြေမယ့် Date ကို အဲ့ဒီက Computer မှာ ခုနက ကိုယ့်ရဲ့  User Name / Passward ကိုသုံးပြီး
ကိုယ် အဆင်ပြေမဲ့ ရက်ကိုရွေးလိုက်ပါ။ ဖြေမဲ့ ရက်က Register လုပ်တဲ့ နေ့ ပြီး တလ လောက်အကြာ ဖြစ်ပါတယ်။

Basic Theory Test (BTT) ဖြေဖို့ အတွက် ဘယ်လို ပြင်ဆင်မလဲ ?????

Basic Theory Of Driving (Published by Pacific Communications Pte Ltd) ဆိုတဲ့စာအုပ်
ဝယ်ဖတ်ပါ။ Popular ဒါမှမဟုတ် နီးစပ်ရာ စာအုပ်အရောင်း ဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။ တန်ဖိုးက S$3.20 ပါ။
သေသေချာချာ ဖတ်ရမှက ....
Signs and Signals
Traffic Rules and Regulations
Code Of Conduct On the Road
ဖတ်ပြီးလို့ မှ အားမရသေးဘူး လေ့ကျင့်ချင်တယ် ဆိုရင်
ဒီမှာ Free လေ့ကျင့်လို့ ရပါတယ်။
တခါဖြေရင် မေးခွန်း ၁၀ ခု နဲ့  အကြိမ်ပေါင်း များစွာ လေ့ကျင့် လို့ ရပါတယ်။
Sign up လုပ်လိုက်ရင် Simulator Test ဟိုမှာ တကယ်ဖြေ ရတဲ့ ပုံစံမျိုးနဲ့ လေ့ကျင့်လို့ ရသေးရဲ့ ။
ဒါမှ အားမရ စိတ်မချသေးရင် ....
အဲ့ဒီ website မှာ မေးခွန်း ၄၀၀ ကျော်ကို ရက် ၆၀ အတွင်း Unlimited လေ့ကျင့်လို့ ရပါတယ်။
Sign Up လုပ်ပြီး S$8 ကို Online payment ဒါမှ မဟုတ် ATM နဲ့  သွင်းလို့ ရပါတယ်။

BTT သွားဖြေတဲ့ အခါ မေးခွန်း ၅၀ ကို အချိန် မိနစ် ၅၀ ပေးပါတယ်။
မေးခွန်းတွေက multiple choice , question will contain 3 options ပါပါတယ်။
အခု ၅၀ ထဲ က အနဲဆုံး ၄၅ ခု မှန်ရင် အောင်ပြီပေါ့ ။
ကားမောင်း တတ်ပြီးသားလူ တယောက် အတွက်ကတော့ ခက်လှမယ် မထင်ပါဘူး။

အောင်ပြီသွားရင် ဘာတွေလုပ်ရမလဲ ?????

Passport Original & Copy
Driving Licence (Myanmar) Original & Copy
Driving Licence (Myanmar) Notry Original & Copy
valid work-permit / student pass / employment pass / dependant's pass / PR pass
Original & Copy
A processing fee of $50 (Cash, Cashcard and Nets Only)

Notry လုပ်ထဲက MOFA တံဆိပ်တုံးပါရင် ပိုကောင်းပါတယ်။
Notry စာရွက်က ဓါတ်ပုံမှာ အသားတံဆိပ် (Embedded Seal) ပါ မပါလဲ တခါထဲ စစ်သွားအုံးနော်။

အာလုံးပြီးသွားရင်တော့ ၃ ပါတ်လောက် အကြာမှာ စာတိုက် မှ တဆင့် Licence ပို့ ပေးပါလိမ့်မယ်။
ရမဲ့ Driving Licence က Class 3 နော်။ အရင်တုန်းကတော့ Motorcycle ပါမောင်းလို့ ရအောင်
Class 2A ပါပေးပါတယ်။ ခုနောက်ပိုင်းတော့ Motorcycle မောင်းချင်ရင် သီးခြား ထပ်ဖြေရပါတယ်။

အားလုံး အဆင်ပြေကြ ပါစေ။

0 မှတ်ချက် ။: