November 21, 2007

တိတိကျကျ ၊ မှန်မှန် ကန်ကန် ၊ မြန်မြန် ဆန်ဆန်လုပ်။

ကိုယ်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်တခုပါ။ အောက်တိုဘာလ ကုန်ခါနီးမှာ အိမ် ခဏပြန်သွားပါတယ်။ Nov ၂ ရက်နေ့ မှာ ရန်ကုန်ကနေပြန်လာတဲ့ အခါမှာ .........

ရန်ကုန်လေဆိပ်ရဲ့ Immegration Counter အရောက်မှာ Passport စာအုပ်နှင့် စာရွက်စာတမ်းများပြသောအခါ.....
တာဝန်ကျ Immegration ၀န်ထမ်းက D-Form တောင်းပါတယ်။ D-Form ပြရာ ဘဏ်ချလံ စာရွက်တောင်းရာ မလိုအပ်ဘူးထင်ပြီး မယူလာခဲ့ ပါဟုပြောရာ ထိုဝန်ထမ်းမှ လိုတာပေါ့ ။ ပြန်ယူရန် အချိန်လဲ မရှိတော့ပါ။

ဘဏ်ချလံ သွင်းပြီးမှ D-Form စာရွက်ကျတာ ၊ ဘဏ်ချလံ ထပ်ပြဖို့လိုအပ်တယ်ဆိုတော့ တမျိုးကြီးပါပဲ။ ထားပါတော့ ၊ ကိုယ့်အမှားဖြစ်နေပြီလေ။ ဒါဆိုရင် ပြန်လာတဲ့ နေ့တုန်းက Immegration Officer နဲ့ ၀င်တွေ့ရပါတယ်။ သူက တလထက်ကြာပြီး ပြန်မှ D-Form လုပ်ပါလို့ ပြောပ်တယ်။ အခု D-Form ကလိုလိုမယ်မယ် လုပ်ထားတာပါ လို့ပြောတော့ ထိုဝန်ထမ်း က Passport စာအုပ်ကိုပြန်ကြည့်ပြီး ၊ စာအုပ်မှာ Log no. မရေးထားဘူး ၊ ကျောင်းတက်နေကြောင်း သံရုံးထောက်ခံစာ မပြခဲ့ဘူးလား Copy ၂ စောင်ရောမပေးခဲ့ဘူးလား မေးတော့တာပဲ။


ဟုတ်ကဲ့ .... ထောက်ခံစာလဲ ပြပါတယ် ၊ Copy ၂ စောင်လဲပေးခဲ့ပါတယ်။ အခုဒီမှာလဲ မူရင်းပါပါတယ် ဆိုပြီးစာရွက်ပြရာ ၊ ဒါဆိုရင် အရာရှိနဲ့ လိုက်တွေ့ပါ ဆိုပြီးခေါ်သွားပါတယ်။ အရာရှိရုံးခန်းသို့ သွားရာလမ်းတွင်၊ ထိုဝန်ထမ်းအား ၊ ၂၂ အောက်တိုဘာ က ပြန်လာတာပါ ၊ အဲ့ဒီနေ့က အ၀င်စာရင်းမှာကြည့် ကြည့် ပါ လို့ပြောရာ ၊ အ၀င်စာရင်းမှာ မတွေ့ဘူးလို့ ပြန်ပြောပါတယ်။ ဘုရား ဘုရား လူကိုယ်တိုင် ပြန်ရောက်ပြီး အခုပြန်ထွက် မှာတောင် အ၀င်စာရင်းမှာမတွေ့ ဘူးဆိုတော့ မစဉ်းစားတတ်တော့ပါဘူး။


Immegration Officer ဆီရောက်တော့ အစအဆုံးပြန်ရှင်းပြရ ပြန်ရော။ ကိုယ်ကိုယ်တိုင် အ၀င်စာရင်းကိုရှာပရစေ ၊ ဆိုပြီးရှာတော့ ၂၂ ရက် မှာမတွေ့ ၊ ၂၃ ရက်ကိုကြည့် လိုက်တော့ ...... တွေ့ပါပြီ ၊ ဒီမှာပါလို့ ပြတော့ ၊ သူတို့ က ခင်ဗျားပြောတော့ ၂၂ ရက်ဆို အခုတော့ တလွဲ တဲ့ ။ မဟုတ်ရပါဘူး ပြန်လာတာ ၂၂ ရက်နေ့ သေချာပါတယ်။ မှတ်မှတ်ရရ အဲ့ဒီ မနက်ကမှ သံရုံးမှာ ထောက်ခံစာ ၀င်ယူခဲ့တာပါ။ Passport မှာလဲ Permitted to land Admitted 22 OCT 2007. လို့ တဆိပ်ထုထားပါတယ်။ နောက်တခါ စာရွက်တွေထုတ်ပြရပြန်ရော ၊ အဲ့ဒါနဲ့ သူတို့ အချင်းချင်း " ဒီကောင်တွေ သေသေချာချာမလုပ်ဘူး ၊ သောက်တလွဲပဲ " ဆိုပြောပြီး ထိုအရာရှိဆိုသူက ၊ ကဲ စာအုပ်မှာ Log no. ရေးပေးလိုက် လို့ပြောပါတယ်။


Immegration ၀န်ထမ်းက နောက်ဆိုမှတ်ထား အ၀င်မှာ Log no. ရေးခိုင်း Date ကိုသေသေချာချာစစ် ဆိုပြီး သူတို့ ၀န်ထမ်းတွေလုပ်ရမဲ့ အလုပ်တွေကိုလာမှာနေပါတယ်။ မှတ်သားလောက်ပါတယ်။ အခု ကျွန်တော် ရေးပေးလိုက်လို့ မဟုတ်ရင် ဒီနေ့ပြန်လို့ရမှာ မဟုတ်ဘူးတဲ့။


နိုင်ငံတော်ကြီး ကချမှတ်ထားတာက ၊ တိတိကျကျ ၊ မှန်မှန်ကန်ကန် ၊ မြန်မြန်ဆန်ဆန် လုပ် ဆိုတာ ဘယ်သူတွေအတွက်ပါလိမ့် လို့ တွေးရင်း Immegration Counter မှကျော်ဖြတ်ခဲ့ပါတယ်။

October 18, 2007

Local Call !

လွန်ခဲ့တဲ့ ကာလ တော်တော်ကြာကြာက ကြားခဲ့ဖူးတဲ့ ဟာသလေး တခုပါ။ အများစုကတော့ ကြားဖူးပြီးသား ဖြစ်မှာပါ။ မသိသေးရင်တော့ ဆက်ဖတ်ပေါ့။
ငရဲပြည်မှာ ငရဲကျရောက်နေသော သူများထဲမှ တချို့  က သူတို့ အိမ်ကို အကြောင်းကြားချင်လို့ ငရဲမင်းကြီးထံ ခွင့်တောင်းပြီး ဖုန်းဆက်ကြပါတယ်။

အမေရိကန် နိုင်ငံသား - အမေရိကားရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၃ မိနစ်ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?

ငရဲမင်းကြီး - ၁ ဒေါ်လာ ကျပါတယ်။

အမေရိကန် နိုင်ငံသား - ခဏလေး ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ....?

ငရဲမင်းကြီး - Oversea Call ဖြစ်နေလို့ပါ။

ဂျပန် နိုင်ငံသား - ဂျပန်ရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၄ မိနစ်ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?

ငရဲမင်းကြီး - ၁ ဒေါ်လာ ကျပါတယ်။

ဂျပန် နိုင်ငံသား - ၄ မိနစ်ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ....?

ငရဲမင်းကြီး - Oversea Call ဖြစ်နေလို့ပါ။

မြန်မာ နိုင်ငံသား - မြန်မာနိုင်ငံရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ မိနစ် ၃၀ ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?

ငရဲမင်းကြီး - ပြား ငါး ဆယ် ကျပါတယ်။

ထိုအခါ အမေရိကန် နှင့် ဂျပန်
နိုင်ငံသားတို့က ငရဲမင်းကြီး ခင်ဗျာ ၊ ကျွန်တော်တို့ ၂ ယောက်ကျတော့ ခဏလေး ပြောတာ ၁ ဒေါ်လာစီ ယူတယ်။ သူ့ကျတော့ အကြာကြီးပြောတာ ဘာ့ကြောင့် ပြား ငါး ဆယ်ပဲ ယူတာလဲ ....?

ငရဲမင်းကြီး ပြန်ဖြေလိုက်တာက ........ သူက Local Call လေ တဲ့။

October 15, 2007

အထူး ကျေးဇူးတင်ရှိ ခြင်း ။

Blog တခုလုပ်ချင်တဲ့ ရောဂါ ရနေတာ ကြာပါပြီ။ ရည်ရွယ်ချက် ကတော့ ကိုယ်ရေးချင်တာလေးတွေရေးဖို့ပါ။ ပထမဆုံး ရောက်ဖူးတဲ့ Blog က ဆရာမ မေငြိမ်းရဲ့ www.maynyane.blogspot.com ပါ။ အဲ့ဒီကမှ တဆင့် ဖတ်စေချင်တာလေးတွေ ဆိုတာကို ၀င်မိပြီး Blog ပေါင်းများစွာကို ရောက်ခဲ့ပါတယ်။ ကိုရန်အောင်ရဲ့  www.yanaung.blogspot.com Blog ကိုရောက်သွားတော့ ရောဂါ နဲ့ ဆေး စတွေ့တာပါပဲ။

Blog သာလုပ်ချင်တာ ကိုယ်ပိုင်အရည်အချင်းကတော့ English ကမကောင်း ၊ မြန်မာလိုကလဲ မရိုက်တတ် ၊ Computer နဲ့ ပတ်သက်ရင် Illiterate ဆိုတော့ စဉ်းစား ကြည့်ပေတော့။ ဒါပေမဲ့ ရောဂါက ရနေပြီ ဆေးကလဲ တွေ့ပြီ ဆိုတော့ အဆင်ပြေသွား ပါတယ်။ Head , Body , id = post .... စတာတွေနဲ့ ရွာလည် သွားလိုက်တာ ( ၂ ) ရက်လောက် ဂေါင်းမူးသွားပါတယ်။ ကိုစေတန် ရဲ့  www.saturngod.blogspot.com မှာ Zawgyi keyboard instraller for Vista တွေ့တော့ အားလုံး အဆင်ပြေသွားပါတယ်။

ကိုရန်အောင် ၊ ကိုစေတန် တို့ရဲ့  သင်ကြားမှူ့ တွေနဲ့ Blog တခု ဖြစ်သွားပါပြီ ။ ပြင်ဆင် မွမ်းမံ ဖို့တော့ကျန်ပါသေးတယ် ။

Blog ဖြစ်မြောက်သွားတဲ့ အတွက် ဆရာ
ကိုရန်အောင် နဲ့ ဆရာ ကိုစေတန် တို့ကို အထူးကျေးဇူးတင်ရှိကြောင်း ဒီနေရာမှတဆင့် ပြောကြားချင်ပါတယ် ။
အချိန်ပေးပြီး လာလည်ပေးတဲ့ Prof: U Soe Htet ကိုလဲ
အထူးကျေးဇူးတင်ရှိကြောင်း ပါ။

October 11, 2007

Singapore သို့ အကြောင်းကြောင်းကြောင့် လာချင်သော သူငယ်ချင်းများအတွက်။

မိတ်ဆွေ သူငယ်ချင်းများ က နိုင်ငံရပ်ခြားသွားချင်ကြပါတယ်။ ပထမဆုံး ခြေလှမ်းကတော့ Singapore ပေါ့ ။ တချို့  ကလဲ Visit Visa နဲ့လာပြီး အလုပ် လာရှာကြပါတယ်။ အဆင်ပြေသွားတဲ့လူ ရှိသလိုအဆင်မပြတဲ့ လူတွေလဲ ရှိပါတယ်။

သက်ကြီးရွယ်အိုများ ထားတဲ့ Home for age တွေမှာတော့ Nursing field ကလူတွေ Work Permit နဲ့ လုပ်ကြပါတယ်။ အကြမ်းအားဖြင့် Agent fees က 1500 S$ နဲ့ 2000 S$ ဝန်းကျင်ရှိပါတယ်။ လစာကတော့ 400 S$ ကနေ 700 S$ ရကြပါတယ်။ နေ စရိတ် ၊ စားစရိတ် တာဝန် ယူပါတယ်။ တချို့ လဲ သတ်သတ်လွတ်ပဲ ကျွေး တဲ့ နေရာတွေရှိပါတယ်။


ယောက်ျားလေးများ အတွက် Work Permit နဲ့ သဘောင်္ကျင်း တွေမှာ အလုပ်လုပ်ကြ သူများကတော့ 500 S$ ဝန်းကျင်လောက် ရပြီး Agent fees ကလဲ 2000 S$ ဝန်းကျင်ပါပဲ။ PSA မှာ Driver , Operator များကတော့ ရန်ကုန်မှာ Agent ရှိပါတယ်။ Driver Post အတွက်ကတော့ မြန်မာ ယဉ်မောင်းလိုင်စင် အနီ ရှိရမယ်။ နေစရာစီစဉ်ပေးပေမဲ့ 100 S$ ပေးရပါတယ်။ စားတာကတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ပေါ့။ လစာ နဲ့ အချိန်ပိုကြေး 1000 S$ ဝန်းကျင်ပါ။

ကျောင်းတက် ပြီး အလုပ် လုပ်ချင်သူ များအတွက်ကတော့ Accounting နဲ့ ပတ်သက်တဲ့ ကျောင်းတွေက 3000 S$ ဝန်းကျင် အရင်ကုန်မယ်။ စအပ်ရင် အနဲဆုံး ၃ ဘာသာအပ်ရပါတယ်။ Management ကျောင်းတွေကြတော့ 7000 S$ ဝန်းကျင်ပေါ့။ ကျောင်းအပ်မယ်ဆိုရင် အကောင်းဆုံး အကြံပေးချင်တာကတော့ Singapore မှာရှိတဲ့ သူငယ်ချင်း တယောက်ယောက်ကိုအပ်ခိုင်းပါ။ ဒီရောက်ပြီးမှ အပ်ရင် နေ၊စား၊သွား စရိတ်တွေ ပိုကုန်မယ်။ ICA (Immegration) ကိုတင်တာ ၁လလောက် စောင့်ရပါတယ်။ Student Pass Approval letter ရရင် လေယာဉ် လက်မှတ် One way Ticket ဝယ်လို့ရပြီ ပိုက်ဆံကုန်တာသက်သာအောင်ပါ။ Part Time အလုပ်တွေကတော့ ၁ နာရီ 3.5 S$ ကနေ 10 S$ ဝန်းကျင် ရပါတယ်။ Private School တက်သူတွေကတော့ တရားဝင် အလုပ် လုပ်ခွင့်မရှိပါဘူး။

ဘယ်လိုပဲ လာလာ တလကို မကုန် မဖြစ်ကုန်စရာတွေကိုပါ တခါထဲ တွက်ထားပါ။ နေမယ် ၊ စားမယ်၊ သွားမယ်၊ ပွားမယ် ၊ အနဲဆုံး စရိတ်တွေပါ။ နေစရာအတွက် 250 S$ ၊ စားဖို့ 100 S$ ၊ ခရီးစရိတ် 100 S$ (သွားရင် သွားသလောက် ကုန်မှာ) ၊ ဖုန်းခ က 80 S$ (ပွားရင် ပွားသလောက်ပေါ့) ။

အလုပ် လုပ်မယ်ဆိုရင်တော့ မြန်မာသံရုံးကို ဝင်ငွေရဲ့  ၁၀ % အခွန်ပေးဆောင်ရပါတယ်။

တခြားသော အလုပ်များလဲရှိပါတယ်။ Home Maid (အိမ်ဖေါ်) အလုပ် ကတော့ Agent fees 1500 S$ လောက် ရှိပြီး လစာ 300 S$ ရပါတယ်။ အဲ့ဒီ အလုပ်ကိုတော့ အားမပေးချင်ပါဘူး။

ကဲ သူငယ်ချင်းတို့ရေ သိသလောက်လေးပြောပြတာပါ။ စာရေးမကျွမ်းကျင်တဲ့ အတွက် အမှားပါရင် ခွင့်လွှတ်ပါနော်။

October 9, 2007

Understand The Reality And Do The Best !

BBC မှ သတင်းဖြစ်ပါတယ်။
Diplomat resigns over Burma monks

Burma's generals have come down hard on the monks.A Burmese diplomat has told the BBC how "appalling" treatment of Buddhist monks during last month's protests prompted him to resign from the military regime.
Ye Min Tun, a foreign ministry official for 10 years, said Burma's generals had ignored the people's desire for them to negotiate with opposition activists.
At least 10 people died and thousands were arrested when troops used force to end peaceful anti-government marches.
Burma's leaders have now appointed a go-between for opposition talks.
An official had been charged with liaising with detained pro-democracy leader Aung San Suu Kyi, state media reported on Monday.
I have never seen such a scenario in the whole of my life
Ye Min TunBurmese official
Ms Suu Kyi's party, the National League for Democracy, welcomed the appointment, saying: "Finding a solution through dialogue is the natural way to help the people and the country."
The party won a landslide election victory in 1990, but the ruling generals have never allowed them to govern.
Correspondents say the move, recommended by UN special envoy Ibrahim Gambari when he visited the country last week, seems to be a concession to international pressure.
Countries including the US, UK and France are campaigning for sanctions against the regime, but Burma's neighbours oppose such action.
On Tuesday, China's foreign ministry reiterated its position, saying "sanctions or pressure will not help to solve the issue".
'Decisive factor'
The government's crackdown has seen curfews imposed in Burma's main cities, and frequent night-time raids on monasteries and private homes.
Ye Min Tun, who describes himself as a "good Buddhist", sent a letter of resignation to the Burmese embassy in London.
In an interview with the BBC, he described the crackdown on the September protesters as "horrible".
"I have never seen such a scenario in the whole of my life. The government is arresting and beating the peaceful Buddhist monks."
He said he had hoped that the protests would force the generals to come to an agreement with the opposition.
"This revolution, this incident seemed to be the decisive factor that could persuade the government to go to the negotiation table.
"But actually the government ignored the reality," he said.