February 22, 2012
How to fix Shortcut Virus in Removable Media.
ခုတစ်လော မကြာခဏ ဆိုသလို Tumb Drive ထဲကနေ Shortcut Virus ဝင်နေပါတယ် ။
ဝင်ရောက်ပြီး ဆင့်ပွားကူးစက်သွားတတ်ပါတယ် ။
အဲ့ဒီလိုမျိုးတွေ ကြုံခဲ့ရင် ရှင်း နိုင်ဖို့ နဲ့  ၊ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏဖြေရှင်းရတတ်လို့ 
ဒီ Post လေးကို မှတ်တမ်း အဖြစ်ရေးလိုက်ပါတယ် ။
ကဲ စပြီး ရှင်းလိုက်ကြရအောင် .......
၁ ။ Indonesia မှ လူငယ်များရေးထားတဲ့ smadav ဆိုတဲ့ Program လေးက ဖြေရှင်းနိုင်ပါတယ် ။
      Smadav ကို ဒေါင်းလုပ် ဆွဲပြီး ။ Install  လုပ်ပါ ။ ဒီ Smadav ကို ကိုညီနေမင်း ဆီမှရပါတယ် ။
၂ ။ Shortcut Virus ကူးစက်ခံရတဲ့ Tumb Drive ကို တပ်ပါ ။ Smadav က Scan လုပ်ပြီး ဖယ်ရှားပေးပါမယ် ။
၃ ။ ကဲ Shortcut Virus ကတော့ကင်းသွားပါပြီ ။ ဒါပေမဲ့ Tumb Drive ထဲက Folder အများစုဟာ မမြင်ရတော့ဘဲ
      ပုန်းနေတတ်ပါတယ် ။ Tumb Drive ကို ဖွင့်ကြည့်ရင် Folder အနဲစု သာရှိပြီး
     ( များသောအားဖြင့် Folder ထဲထည့်မထားတဲ့ သီးသန့် အလွတ် File တွေသာ) မြင်ရမှာပါ ။
     Folder Option ထဲက Show Hidden Files ကို အမှန်ခြစ်ပေးလဲ မြင်ရမှာ မဟုတ်ပါဘူး ။
     အဲ့ဒီတော့ နံပါတ် (၄) အဆင့်ကို ဆက်လုပ်ပါ ။
၎ ။ Click on "Start" -->Run-->type cmd and click on OK.
        ပြီးရင် ကိုယ့် Tumb Drive ရဲ့ Drive Letter ဆီရောက်အောင်သွားပါ ။
        (with your usb or memory card "removable drive" letter showed under "My Computer").
        အောက်က Command လေးရိုက်ထည့်ပါ ။
         attrib -h -r -s /s /d *.* 
        ရိုက်ပြီးရင်  Enter  နှိပ်ပါ ။
ကဲ.....  မိတ်ဆွေ  အားလုံးပြီးပါပြီ ။  Tumb Drive ထဲက မိမိ File တွေ အားလုံးပြန်ရပါပြီ ။
Smadav ကို Mediafire  နဲ့  ifile  ကြိုက်နှစ်သက်ရာကနေ Download လုပ်နိုင်ပါတယ် ။
Credit to : ကိုညီနေမင်း (Uploader)
အဆင်ပြေပါစေ ။
2 မှတ်ချက် ။:
ဒီ ဘလော့ကို ရေးသားထးတာကောင်းပေမဲ့ Right Click ပိတ်ထားတာတော်တော် ဆိုးတယ်ဗျ ... ကျွန်တော်တို့ တွေကို new page နဲ့ဖတ်တာဆိုတော့ ဒီဘလော့ရေးသူက Open Source မဖြစ်နိုင်သေးတဲ့သဘောပဲ...
ကဲ Right Click လို့ ရပါပြီ ။