February 21, 2013

How to create Free Apple ID

ပြီးခဲ့တဲ့ တစ်ပတ်က  Sony Xperia P လေး သွားဝယ်ရင်းနဲ့  
Phone ဆိုင်မှာ Apple ID ဖွင့်လျှင် 5000 Kyats လို့ တွေ့ လိုက်တော့ 
ဒီ Post လေးကိုရေးဖြစ်လိုက်တာပါ ။
သင့်မှာ Internet Connection ရှိရင် Free ဖွင့်လို့ ရပါတယ် ။ ကျပ် ၅၀၀၀ လဲကုန်စရာမလိုပါဘူး ။

တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၅၅) နိုင်ငံ ရှိပါတယ်။
Apple ID (၁၅၅) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်.. 

Apple ID တစ်ခု အတွက် လိုအပ်ချက်များ

  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက "Apple ID" အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် "Rescue mail" အနေနဲ့  ပေးထားရပါတယ်။
  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်...  

*** STEP 1 ***
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။
 


*** STEP 2 ***
iTunes ၏ ဘယ်ဘက်ခြမ်းရှိ "iTunes Store" ကို ရွေးပါ။  





ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း "iTunes Store" ကိုတွေ့ ရမည်။  


*** STEP 3 ***
"Change Country" ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (
နမူနာ အနေနဲ့  US Account ကို ဖွင့်သောကြောင့် US ကို ရွေးပါမည်)


Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။  




 *** STEP 4 ***
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။  





 *** STEP 5 ***
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ "Create Apple ID" ကို နှိပ်ပါ။ 




 *** STEP 6 ***
"Welcome to the iTunes Store" page တွင် "Continue"

"Terms and Conditions and Apple Privacy Policy" တွင် "I have read and agree....." ကို Check လုပ်ပြီး "Agree"




*** STEP 7 ***
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။ 



  • "Email" တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။

  • "Password" သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။

  • "Security info" မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို "abcd" ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)

  • "Optinal Rescue mail" မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး "Continue" နှိပ်ပါ။
 

 *** STEP 8 ***
"Provide a Payment Method" တွင် "None" ကိုရွေးပါ။

US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။  




  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။

  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။


  *** STEP 9 ***
အားလုံးပြီးစီးပါက "Create Apple ID" ကို နှိပ်ပါ။

 
*** STEP 10 ***
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။
 
  *** STEP 11 ***
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။  


*** STEP 12 *** 



အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။  




 *** STEP 13 ***

အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ...