November 21, 2007

တိတိကျကျ ၊ မှန်မှန် ကန်ကန် ၊ မြန်မြန် ဆန်ဆန်လုပ်။

ကိုယ်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်တခုပါ။ အောက်တိုဘာလ ကုန်ခါနီးမှာ အိမ် ခဏပြန်သွားပါတယ်။ Nov ၂ ရက်နေ့ မှာ ရန်ကုန်ကနေပြန်လာတဲ့ အခါမှာ .........ရန်ကုန်လေဆိပ်ရဲ့ Immegration Counter အရောက်မှာ Passport စာအုပ်နှင့် စာရွက်စာတမ်းများပြသောအခါ..... တာဝန်ကျ Immegration ၀န်ထမ်းက D-Form တောင်းပါတယ်။ D-Form ပြရာ ဘဏ်ချလံ စာရွက်တောင်းရာ မလိုအပ်ဘူးထင်ပြီး မယူလာခဲ့ ပါဟုပြောရာ ထိုဝန်ထမ်းမှ လိုတာပေါ့ ။ ပြန်ယူရန် အချိန်လဲ မရှိတော့ပါ။ဘဏ်ချလံ သွင်းပြီးမှ D-Form စာရွက်ကျတာ ၊ ဘဏ်ချလံ ထပ်ပြဖို့လိုအပ်တယ်ဆိုတော့ တမျိုးကြီးပါပဲ။ ထားပါတော့ ၊ ကိုယ့်အမှားဖြစ်နေပြီလေ။ ဒါဆိုရင်...

October 18, 2007

Local Call !

လွန်ခဲ့တဲ့ ကာလ တော်တော်ကြာကြာက ကြားခဲ့ဖူးတဲ့ ဟာသလေး တခုပါ။ အများစုကတော့ ကြားဖူးပြီးသား ဖြစ်မှာပါ။ မသိသေးရင်တော့ ဆက်ဖတ်ပေါ့။ ငရဲပြည်မှာ ငရဲကျရောက်နေသော သူများထဲမှ တချို့  က သူတို့ အိမ်ကို အကြောင်းကြားချင်လို့ ငရဲမင်းကြီးထံ ခွင့်တောင်းပြီး ဖုန်းဆက်ကြပါတယ်။ အမေရိကန် နိုင်ငံသား - အမေရိကားရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၃ မိနစ်ကြာပါတယ်။ ဘယ်လောက် ကျပါလဲ ခင်ဗျာ ......? ငရဲမင်းကြီး - ၁ ဒေါ်လာ ကျပါတယ်။ အမေရိကန် နိုင်ငံသား - ခဏလေး ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ....? ငရဲမင်းကြီး - Oversea Call ဖြစ်နေလို့ပါ။ ဂျပန် နိုင်ငံသား - ဂျပန်ရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ...

October 15, 2007

အထူး ကျေးဇူးတင်ရှိ ခြင်း ။

Blog တခုလုပ်ချင်တဲ့ ရောဂါ ရနေတာ ကြာပါပြီ။ ရည်ရွယ်ချက် ကတော့ ကိုယ်ရေးချင်တာလေးတွေရေးဖို့ပါ။ ပထမဆုံး ရောက်ဖူးတဲ့ Blog က ဆရာမ မေငြိမ်းရဲ့ www.maynyane.blogspot.com ပါ။ အဲ့ဒီကမှ တဆင့် ဖတ်စေချင်တာလေးတွေ ဆိုတာကို ၀င်မိပြီး Blog ပေါင်းများစွာကို ရောက်ခဲ့ပါတယ်။ ကိုရန်အောင်ရဲ့  www.yanaung.blogspot.com Blog ကိုရောက်သွားတော့ ရောဂါ နဲ့ ဆေး စတွေ့တာပါပဲ။Blog သာလုပ်ချင်တာ ကိုယ်ပိုင်အရည်အချင်းကတော့ English ကမကောင်း ၊ မြန်မာလိုကလဲ မရိုက်တတ် ၊ Computer နဲ့ ပတ်သက်ရင် Illiterate ဆိုတော့ စဉ်းစား ကြည့်ပေတော့။ ဒါပေမဲ့ ရောဂါက ရနေပြီ ဆေးကလဲ တွေ့ပြီ ဆိုတော့ အဆင်ပြေသွား...

October 11, 2007

Singapore သို့ အကြောင်းကြောင်းကြောင့် လာချင်သော သူငယ်ချင်းများအတွက်။

မိတ်ဆွေ သူငယ်ချင်းများ က နိုင်ငံရပ်ခြားသွားချင်ကြပါတယ်။ ပထမဆုံး ခြေလှမ်းကတော့ Singapore ပေါ့ ။ တချို့  ကလဲ Visit Visa နဲ့လာပြီး အလုပ် လာရှာကြပါတယ်။ အဆင်ပြေသွားတဲ့လူ ရှိသလိုအဆင်မပြတဲ့ လူတွေလဲ ရှိပါတယ်။သက်ကြီးရွယ်အိုများ ထားတဲ့ Home for age တွေမှာတော့ Nursing field ကလူတွေ Work Permit နဲ့ လုပ်ကြပါတယ်။ အကြမ်းအားဖြင့် Agent fees က 1500 S$ နဲ့ 2000 S$ ဝန်းကျင်ရှိပါတယ်။ လစာကတော့ 400 S$ ကနေ 700 S$ ရကြပါတယ်။ နေ စရိတ် ၊ စားစရိတ် တာဝန် ယူပါတယ်။ တချို့ လဲ သတ်သတ်လွတ်ပဲ ကျွေး တဲ့ နေရာတွေရှိပါတယ်။ယောက်ျားလေးများ အတွက် Work Permit နဲ့ သဘောင်္ကျင်း တွေမှာ အလုပ်လုပ်ကြ...

October 9, 2007

Understand The Reality And Do The Best !

BBC မှ သတင်းဖြစ်ပါတယ်။ Diplomat resigns over Burma monks Burma's generals have come down hard on the monks.A Burmese diplomat has told the BBC how "appalling" treatment of Buddhist monks during last month's protests prompted him to resign from the military regime. Ye Min Tun, a foreign ministry official for 10 years, said Burma's generals had ignored the people's desire for them to negotiate with opposition activists. At least 10 people died and thousands were arrested when troops used force to end peaceful anti-government marches. Burma's leaders...