October 15, 2007

အထူး ကျေးဇူးတင်ရှိ ခြင်း ။

Blog တခုလုပ်ချင်တဲ့ ရောဂါ ရနေတာ ကြာပါပြီ။ ရည်ရွယ်ချက် ကတော့ ကိုယ်ရေးချင်တာလေးတွေရေးဖို့ပါ။ ပထမဆုံး ရောက်ဖူးတဲ့ Blog က ဆရာမ မေငြိမ်းရဲ့ www.maynyane.blogspot.com ပါ။ အဲ့ဒီကမှ တဆင့် ဖတ်စေချင်တာလေးတွေ ဆိုတာကို ၀င်မိပြီး Blog ပေါင်းများစွာကို ရောက်ခဲ့ပါတယ်။ ကိုရန်အောင်ရဲ့  www.yanaung.blogspot.com Blog ကိုရောက်သွားတော့ ရောဂါ နဲ့ ဆေး စတွေ့တာပါပဲ။

Blog သာလုပ်ချင်တာ ကိုယ်ပိုင်အရည်အချင်းကတော့ English ကမကောင်း ၊ မြန်မာလိုကလဲ မရိုက်တတ် ၊ Computer နဲ့ ပတ်သက်ရင် Illiterate ဆိုတော့ စဉ်းစား ကြည့်ပေတော့။ ဒါပေမဲ့ ရောဂါက ရနေပြီ ဆေးကလဲ တွေ့ပြီ ဆိုတော့ အဆင်ပြေသွား ပါတယ်။ Head , Body , id = post .... စတာတွေနဲ့ ရွာလည် သွားလိုက်တာ ( ၂ ) ရက်လောက် ဂေါင်းမူးသွားပါတယ်။ ကိုစေတန် ရဲ့  www.saturngod.blogspot.com မှာ Zawgyi keyboard instraller for Vista တွေ့တော့ အားလုံး အဆင်ပြေသွားပါတယ်။

ကိုရန်အောင် ၊ ကိုစေတန် တို့ရဲ့  သင်ကြားမှူ့ တွေနဲ့ Blog တခု ဖြစ်သွားပါပြီ ။ ပြင်ဆင် မွမ်းမံ ဖို့တော့ကျန်ပါသေးတယ် ။

Blog ဖြစ်မြောက်သွားတဲ့ အတွက် ဆရာ
ကိုရန်အောင် နဲ့ ဆရာ ကိုစေတန် တို့ကို အထူးကျေးဇူးတင်ရှိကြောင်း ဒီနေရာမှတဆင့် ပြောကြားချင်ပါတယ် ။
အချိန်ပေးပြီး လာလည်ပေးတဲ့ Prof: U Soe Htet ကိုလဲ
အထူးကျေးဇူးတင်ရှိကြောင်း ပါ။

0 မှတ်ချက် ။: