October 18, 2007

Local Call !

လွန်ခဲ့တဲ့ ကာလ တော်တော်ကြာကြာက ကြားခဲ့ဖူးတဲ့ ဟာသလေး တခုပါ။ အများစုကတော့ ကြားဖူးပြီးသား ဖြစ်မှာပါ။ မသိသေးရင်တော့ ဆက်ဖတ်ပေါ့။
ငရဲပြည်မှာ ငရဲကျရောက်နေသော သူများထဲမှ တချို့  က သူတို့ အိမ်ကို အကြောင်းကြားချင်လို့ ငရဲမင်းကြီးထံ ခွင့်တောင်းပြီး ဖုန်းဆက်ကြပါတယ်။

အမေရိကန် နိုင်ငံသား - အမေရိကားရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၃ မိနစ်ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?

ငရဲမင်းကြီး - ၁ ဒေါ်လာ ကျပါတယ်။

အမေရိကန် နိုင်ငံသား - ခဏလေး ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ....?

ငရဲမင်းကြီး - Oversea Call ဖြစ်နေလို့ပါ။

ဂျပန် နိုင်ငံသား - ဂျပန်ရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၄ မိနစ်ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?

ငရဲမင်းကြီး - ၁ ဒေါ်လာ ကျပါတယ်။

ဂျပန် နိုင်ငံသား - ၄ မိနစ်ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ....?

ငရဲမင်းကြီး - Oversea Call ဖြစ်နေလို့ပါ။

မြန်မာ နိုင်ငံသား - မြန်မာနိုင်ငံရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ မိနစ် ၃၀ ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ......?

ငရဲမင်းကြီး - ပြား ငါး ဆယ် ကျပါတယ်။

ထိုအခါ အမေရိကန် နှင့် ဂျပန်
နိုင်ငံသားတို့က ငရဲမင်းကြီး ခင်ဗျာ ၊ ကျွန်တော်တို့ ၂ ယောက်ကျတော့ ခဏလေး ပြောတာ ၁ ဒေါ်လာစီ ယူတယ်။ သူ့ကျတော့ အကြာကြီးပြောတာ ဘာ့ကြောင့် ပြား ငါး ဆယ်ပဲ ယူတာလဲ ....?

ငရဲမင်းကြီး ပြန်ဖြေလိုက်တာက ........ သူက Local Call လေ တဲ့။

0 မှတ်ချက် ။: