November 10, 2012

Tips for iPhone and iDevices

iPhone နဲ့  iDevice များ အတွက် အသုံးဝင်သော အရာများကို စုစည်းပေးထားပါတယ် ။

Restart  iPhone.

Phone သုံးနေရင်းနဲ့ လုံးဝ Hang သွားလို့ရှိရင် Freeze ဖြစ်သွားရင် အသုံးဝင်ပါတယ် ။
ဖြစ်တော့ ဖြစ်ခဲပါတယ် ။ လုံးဝ မဖြစ်ဘူးလို့ တော့ မထင်ပါနဲ့  ။ ဖြစ်လာခဲ့ရင်တော့ ........
ဒီလို လုပ်ပါ ။

Home နဲ့ Sleep Button ကိုကြာကြာလေးနှိပ်ထားလိုက်ပါ ။ ( Screen အမဲပြတဲ့အထိ )
ပြီးရင် Power ပြန်ဖွင့်လိုက်ပါ ။

ကဲ .... အဆင်ပြေသွားပြီနော် ။



Screenshot.

Phone Screen ပေါ်က အရာများ ဥပမာ .... Connection နှေးနေတဲ့အခါ Facebook တို့ 
Webpage တို့ ပေါ်က ဓါတ်ပုံတွေ ၊ စာတွေ ကို လိုချင်တယ် ဆိုရင် Screenshot ရိုက်လိုက်မှာပေါ့ ။
ဒါလေးများ .... လွယ်ပါတယ် ။

Home Key ကို Sleep Key နဲ့ တွဲနှိပ်လိုက်ပါ ။ 



Scroll to Top.

Web Browsing လုပ်နေတဲ့အခါ Facebook, Twitter တို့သုံးတဲ့အခါ ကြည့်ရင်း ကြည့်ရင်းနဲ့  ဟိုးအောက်ဘက် ကိုရောက်သွားတဲ့အခါ.... အပေါ်ကို တကူးတက ပြန်ရွှေ့နေ စရာမလိုပါဘူး ။

Status bar ကို တစ်ချက် နှိပ်လိုက်ပါ ။ 

အပေါ်ဆုံးကို ပြန်ရောက်သွားမှာပါ ။
ကဲ ..... အဆင်ပြေသွားပြန်ပြီ ။




 Hold Down Certain Keys. 

Keyboard  မှာ မြုပ်ထားတဲ့ Symbol လေးတွေ ရှိတယ်နော် ။

Safari မှာ URL တစ်ခုရိုက်လို့ရှိရင် .com ကိုရိုက်ဖို့တော့ ခလုတ်တစ်ခု ပါပါတယ် ။ 
.com မဟုတ်ဘဲ .net.mm .asia .net .mm .org စတာတွေကို ရိုက်ချင်ရင်တော့ ......
.com ခလုပ်ကို ခဏဖိထားလိုက်ပါ 

ဒါဆိုရင် ပေါ်လာပါလိမ့်မယ်. ဒီ ခလုပ်တင်မကဘဲ အခြား Key လေးတွေမှာပါ မြုပ်ထားတာလေးတွေရှိပါတယ် ။

Letter မှာဆိုရင် E, Y, U, I, O, A, S, L, Z, C, N
Symbols တွေမှာတော့ Dollar Sign, Dash, Ampersand, Quotes, Period, Question Mark, Exclamation , Apostrophe, and Percent တွေကို နှိပ်ရင် တခြား Symbol လေးတွေ တွေ့နိုင်ပါတယ်။ 



Quick Caps and Symbol.

Capital Letter စာလုံးအကြီးကို မြန်မြန်ရိုက်ချင်ရင် ....

ပုံမှန်အတိုင်းဆိုရင် အပေါ်မျှား (Shift) လေး တစ်ချက်နှိပ်ပြီးမှ Capital Letter တို့Symbol တို့ကိုနှိပ်တတ် ပါတယ်။ အဲဒီလို မသုံးဘဲ အလျင်လိုရင်တော့  ...
Shift key က နေလိုချင်တဲ့ စာလုံးဆီကို တိုက်ရိုက် (Drag) ဆွဲချ သွားလို့ရပါတယ် ။
 

Tap Dots For Next Page.

Home Screen မှာ Slide တွေ တစ်ခု ကနေ တစ်ခု ကို swiping motion နဲ့ သွားရတာကို ငြီးငွေ့ တယ်ဆိုရင် ..... ဒီလိုလေး လုပ်ကြည့်ပါလား ။

Home Screen အောက်ခြေမှာ ရှိတဲ့ အစက်ကလေးတွေ (Dots) ကိုနှိပ်ပါ ။
ညာဖက်က Slide ကိုသွားချင်ရင် ညာ တစ်ချက် နှိပ်ပါ ။
ဘယ်ဖက်က Slide ကိုသွားချင်ရင် ဘယ် တစ်ချက်နှိပါ ။



Lock Screen Orientation.

 

ကိုယ်က Phone ကို ထောင်လိုက် လှဲလိုက် လုပ်ရင် iPhone Screen တွေက အသုံးပြုသူတွေနဲ့  အသားကျအောင် အလိုက်သင့်ပြောင်းပေးတယ်လေ ။ တစ်ခါတစ်လေ.... အိပ်နေရင်း Game ကစားတဲ့ အခါ စာဖတ်တဲ့ အခါ Auto Rotate တွေဖြစ်တော့ ကသိကအောင့်ဖြစ်တယ်ဟုတ် ? 

အဲ့ဒီလို မဖြစ်ချင်ဘူး ... ဆိုရင် ။ ဒါလေးများ လွယ်ပါတယ် ။

Home Button ကို (၂) ချက် နှိပ်ပါ ။ 
အာက်ခြေ ဘယ်ဘက် အစဆုံး သို့ ရောက်အောင် Swipe လုပ်ပါ
Portrait Orientation ကို နှိပ်ပါ ။ ( On / Off ) လုပ်လို့ ရပါပြီ ။


  


Close Background Application.

Application တွေ တစ်ခုပြီး တစ်ခု ဖွင့်ပြီး ပြန်ထွက်ရင် Phone Background မှာ Application တွေအများကြီး run နေပါတယ် ။ Battery လဲ အကုန်မြန်ပါတယ် ။
အဲ့ဒီ run နေတဲ့ Application တွေထဲက ကိုယ် ပိတ်ချင်တာတွေကို ပိတ်လို့ ရပါတယ် ။
ဘယ်လို လုပ်ရမလဲ ဆိုတော့ ........

Home Button ကို (၂) ချက် နှိပ်ပါ ။
ပေါ်လာတဲ့ Application icon တစ်ခု ပေါ်ကို ခဏဖိထားပါ ။ ( အနီရောင် အနှုတ်လက္ခဏာ)  ပေါ်မည် ။
ပိတ်ချင်သော Application icon မှ အနီရောင် အနှုတ်လက္ခဏာ လေးကို နှိပ်ပါ ။

 

 

 


2 မှတ်ချက် ။: