နှလုံးသွေးကြော ကျဉ်းသည့် ရောဂါရှိသူများ အတွက်
ယ္ခုပြောပြမယ့် အိမ်တွင်းဆေး လေးကို သောက်ကြည့်ပါ ။
၃ လ ခန့် သောက်ပြီးလျှင် အချို့ သော By-Pass Surgery လုပ်ရန် လိုအပ်သူများ သည်
By-Pass Surgery လုပ်ရန်မလိုဘဲ ကောင်းမွန်သွားသည်မှာ
နီးစပ်ရာ ဝေဒနာရှင်များ လက်တွေ့ ဖြစ်ပါသည် ။
ငွေကုန် ကြေးကျ သိပ်မများ၍ လူတိုင်းတတ်နိုင်မည်ဟုထင်ပါသည် ။
Side Effect အန္တရယ် ဖြစ်မှာ ကိုလဲ စိုးရိမ်စရာမလိုပါ ။
ဘယ်လို လူတွေသောက်သင့်သလဲ ?
နှလုံးသွေးကြော ကျဉ်းသည့် သူများ ၊
နှလုံးသွေးကြောချဲ့ ရန် လိုအပ်သည့်သူများ ၊
နှလုံးသွေးကြောချဲ့ ရန် လိုအပ်ပြီး အခြားသောရောဂါများကြောင့်
Angiography or By-Pass Surgery လုပ်ရန်မလွယ်ကူသောသူများ ။
ဘာတွေ လိုအပ်သလဲ ?
ဆေးဖေါ်စပ်ရာတွင် လိုအပ်သောပစ္စည်းများမှာ ---
ရှောက်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ပန်းသီးမှထုတ်လုပ်ထားသော ရှာလကာရည် (Apple Cider Vinegar ) နှင့် ပျားရည်စစ်စစ် ။
ရှောက်သီးကို အရည်ညှစ် ရပါမယ် ။
ဂျင်း နှင့် ကြက်သွန်ဖြူ ကို လဲ အရည်ညှစ်ရပါမယ် ။ Blender ရှိရင်တော့ ပိုအဆင်ပြေပါတယ် ။
မရှိလဲ ကိစ္စမရှိပါဘူး ၊ သေသေချာချာ ညက်အောင်ထောင်းလို့ ရပါတယ် ။
Apple Cider Vinegar ( ပန်းသီးမှထုတ်လုပ်ထားသော ရှာလကာရည် ) ကိုတော့ ရန်ကုန်မှာဆိုရင်
City Mart ဆိုင်တိုင်းမှာ ဝယ်လို့ ရပါတယ် ။ ၁ ပုလင်းမှ ကျပ် သုံး ၊ လေး ထောင်ဝန်းကျင်ပါ ။
ဘယ်လို ဖေါ်စပ်ရမှာလဲ ?
၁ ။ ရှောက်ရေ အကြမ်းပုဂံလုံး ( ၁ ) လုံး
၂ ။ ဂျင်းရေ အကြမ်းပုဂံလုံး ( ၁ ) လုံး
၃ ။ ကြက်သွန်ဖြူ အရေ အကြမ်းပုဂံလုံး ( ၁ ) လုံး
၎ ။ Apple Cider Vinegar အကြမ်းပုဂံလုံး ( ၁ ) လုံး
ဘယ်လိုသောက်ရမှာလဲ ?

- အပေါ်က ပစ္စည်း ( ၄ ) မျိုးကို အိုးအသေးတစ်ခုထဲထည့်ပါ ။
- မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အကြမ်းပုဂံလုံး ( ၃ ) ခွက်စာရသည်အထိကြိုပါ ။
- ( ခန့် မှန်းခြေ မိနစ် ၆၀ ခန့် ကြာပါတယ် )
- အကြမ်းပုဂံလုံး ( ၃ ) ခွက်စာ ရပြီ ဆိုလျှင် အအေးခံပါ ။
- အေးသွားလျှင် ပျားရည်စစ်စစ် အကြမ်းပုဂံလုံး ( ၃ ) ခွက် နှင့် ရောမွှေပါ ။
- ပြီးလျှင် ပုလင်းသန့် သန့် ထဲသို့ ပြောင်းထည့်လို့ ရပါပြီ ။
ဘယ်လိုသောက်ရမှာလဲ ?
- နေ့ စဉ်သောက်ရန် နံနက်စာ မစားခင် ( Before Breakfast ) ထ္မင်းစားဇွန်း နှင့် ( ၁ ) ဇွန်း ။
အားလုံးကျန်းမာချမ်းသာ၍ မိမိခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ ။
0 မှတ်ချက် ။:
Post a Comment