July 3, 2015
How to draw
ပန်းချီဆွဲဝါသနာပါသူများအတွက်
ပုံ ဘယ်လိုဘယ်လိုဆွဲရတယ်ဆိုတာကိုသင်ပေးတဲ့ Android Application ပါ ။
Pls click and download below link
How to draw easy
Android ဖုန်း မှာ ပန်းချီဆွဲမယ် ။
ပန်းချီ ဝါသနာရှင်တွေ အတွက် အသုံးတည့်မယ် ထင်တဲ့
 Android ဖုန်းမှာ သုံးရသော Application.
 Pls download below link.
 Paperless-Draw, sketch, tablet v1.1.7 Apk - 26 MB
How to Jailbreak iOS 8.4 Using PP Jailbreak
iOS 8.1.3 – 8.4 အထိ idevices များကို
Chinese iOS Hacker Team ကနေထုတ်ပေးလိုက်တဲ့
PP Jailbreak 2.3 ထွက်ရှိလာပါပြီ ။
 အခုက Windows Version အတွက်ပါ ။
Be sure to close the “Find My iPhone” in Settings -> iCloud before jailbreaking. Also turn off Touch and password in Settings -> Touch ID and password -> Turn off password.
Jailbreak ပြုလုပ်လိုတဲ့ သင့်ရဲ့ iPhone/Pad/Pod touch မှာ 
Find My iPhone ကို off ထားပါ ။
Airplane mode ကို on ထားပါ ။
passcode ကို off ထားပါ ။
iPhone/Pad/Pod touch နဲ့ ကွန်ပျူတာကို USB Cable ဖြင့်ချိတ်ဆက်ထားပါ ။
ကွန်ပျူတာတွင် iTunes ကိုဖွင့်ထားပါ ။
 iDevice ချိတ်ဆက်ထားကြောင်းကို 
ကွန်ပျူတာက iTunes မှာပေါ်နေပါစေ ။
STEP 1...
Download PP Jailbreak from above link.
အရင်ဆုံး PP Jailbreak Tool ကို အောက်ပါ Download Link မှ ရယူပါ ။
PP Jailbreak tools
OR
PP Jailbreak 46.27 MB
Step 2...
Open the exe file and tap on the blue button to start installing the jailbreak tool.
Download ရယူထားတဲ့ PP Jailbreak Tool ကိုဖွင့်ပါ ။
အပြာရောင်ခလုတ်လေးကိုနှိပ်ပါ ။
Step 3...
Still click on the blue button to complete the installation.
အပြာရောင်အမှန်ခြစ်သင်္ကေတလေးနဲ့ပေါ်လာပြီဆိုရင် အပြာရောင်ခလုတ်လေးကိုထပ်နှိပ်ပါ ။
Step 4...
Open the installed jailbreak tool from your desktop.
ကွန်ပျူတာ Desktop ပေါ်မှ Jailbreak tool ကို ဖွင့်ပါ ။
Step 5...
 Once you device is detected, click the green button located below
Jailbreak လုပ်ရမယ့် Tool နှင့် သင့် iDevice ချိတ်မိသွားပါပြီ ။
အစိမ်းရောင်ခလုတ်လေးကိုနှိပ်ပါ ။
Step 6...
Uncheck the box
 Click the button below to start jailbreaking. 
ပုံတွင်ပြထားသော အမှန်ခြစ် လေးအားဖြုတ်ပါ ။
ပြီးလျှင် အောက်မှ ခလုပ်အား နှိပ်ပါ ။ 
 Step 7...
 clicking the button on the right
ပုံတွင်ပြထားသော ခလုတ် ၂ တွင် ညာဘက်မှ ခလုတ်ကိုနှိပ်ပါ။
PPjailbreak6
Step 8...
The jailbreak process will begin, which will take several minutes, 
please wait until it completed.
Jailbreak စတင်လုပ်ဆောင် နေသောကြောင့် မိနစ်အနည်းအငယ် စောင့်ပါ ။
 ပြီးလျှင် သင် ၏ iDevice့ တွင် Restore in Progress ပေါ်လာပါမယ် ။
ခဏကြာလျှင် Reboot ဖြစ်ပါမည် ။
 Done, your device has been jailbroken on iOS 8.4 untethered.
ကွန်ပျူတာပေါ်မှ PP Jailbreak Tool သည် 
Jailbreak လုပ်တာအောင်မြင်ကြောင်း Message ပေါ်လာပါမည်။
July 2, 2015
Huawei 730 C နဲ့ G Handset ကို G နဲ့ G ပြောင်း သုံးမယ် ။
Huawei 730 C နဲ့ G Handset ကို G နဲ့ G ပြောင်း သုံး ချင်ရင်
၁ ။  Roaming Setting.Apk ကို Download ဆွဲပီး Install တင်​ပါ ။
၂  ။  CDMA Sim Card ​နေရာမှာ GSM Sim Card ကိုထည့်​ပါ ။
၃ ။  Roaming Setting Apk ကိုဖွင့်​ပါ ။
       Card One ကိုအမှန်​​လေးခြစ်​ပီး Open ​ပေးလိုက်​ပါ ။
Remark . 
           Card One Open ပြီးလို့ ဖုန်းတိုင်​တက်​မလာလျှင်
           ဖုန်းကို Restart ချ​ပေးလိုက်​ပါ ။
June 4, 2015
How to change language in China Mobile Phone
 China Android Mobile Phone မှာ Language ပြောင်း ချင် တယ် ဆို ရင်
 ဒီနေ့ သူငယ်ချင်း တစ်ယောက်ကို လုပ်ပေးရင်းနဲ့ 
နောက် သိချင်သောသူများပါ အဆင်ပြေအောင်ပါ ။
June 25, 2014
iOS 7.1.1 Jailbreak
iOS 7.1 နှင့် အထက်များအတွက် Untether နည်းနဲ့ Jailbreak လုပ်နိုင်မယ့် Tool ကို 'Pangu Team' လို့ အမည်ရတဲ့ တရုပ် ဟက်ကာများ အဖွဲက ထုတ်ပေးလိုက်ပါပြီ..
Hacking သင်တန်းများကိုပဲ ပို့ချပေးပြီး Jailbreak tool မထုတ်ပေးတော့ဘူးလို့ ကြောငြာထားတဲ့ hacker တစ်ဦးဖြစ်သူ 'i0n1c' က "Pangu team အနေနဲ့ အားနည်းချက်များစွာ ရှိနေသေးတဲ့ Jailbraek ကို အများအတွက် ထုတ်ပေးလိုက်ပေမယ့် ဒါဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူး" လို့ လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားပါတယ်..
Jailbreak လုပ်နိုင်ရင်တောင် မိမိ device အတွက် လုံခြုံရေးဆိုင်ရာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် Safe ဖြစ်တာ သေချာမှ လုပ်ဆောင်ဖို့ သတိပြုရပါလိမ့်မယ်။
သို့ပေမယ့် 'sn0wbreeze' ကို တီထွင်သော 'iHSn0w' အဖွဲ့ကတော့ "Pangu" မှာ spyware မရှိကြောင်း အတည်ပြုပေးခဲ့ပါတယ်..
ထို့ကြောင့် Jailbreak ရပြီ ဆိုသော်ငြားလည်း သတိထားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်လိုပါတယ်။
ယခု Jailbreak ကို WINDOWS တစ်မျိုးအတွက်သာ ထုတ်ပေးထားပါတယ်.. 
အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/06/23/ios-7-1-1-%e1%80%80%e1%80%af%e1%80%ad-untethered-jailbreak-%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%94%e1%80%8a%e1%80%b9%e1%80%b8-step-by-step-tutori
** Jailbreak မလုပ်မီ ပြင်ဆင်ရန် **
- Passcode ကို ဖြုတ်ထားပါ
- Device က Date ကို "02.June.2014" (သို့) ထိုရက်ထက် စောထားပါ။
- iOS 7.1.1 သန့်သန့် ကိုတင်ထားပါ
- BackUp Phone 
>> Download for WINDOWS 
 Software တွင် တရုပ်လိုသာ ရေးသား ဖော်ပြထားသောကြောင့် အောက်ပါပုံ၏ စာအညွှန်းအတိုင်း တစ်ဆင့်ခြင်း ဆောင်ရွက်ပါ... 
Credti to : moethagyarr
November 30, 2013
Samsung Galaxy Note3 ကို Root လုပ်မယ် ။
  ယ္ခု Post အား မောင်မင်းသိန်း ( ရန်ကုန် ) Web စာမျက်နှာမှ တစ်ဆင့် Share ထားပါသည် ။
ဖုန်းလည်းဟုတ်၊ tablet လည်းဟုတ်တဲ့ Phablet(အပြားကြီးကြီးဖုန်း) တွေကို ခုခေတ် နောက်ပိုင်း တော်တော်လေး အသုံးပြုလာ ကြတာကို တွေ့ရပါတယ်။ ဒီအထဲမှာ တောင်ကိုးရီးယားအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Samsung က နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Galaxy Note 3 ဟာလည်း နာမည်ကြီးတစ်ခု အပါအ၀င်ဖြစ်ပါတယ်။ Samsung ဟာ ဒီလို ဆိုဒ်ကြီးတဲ့ ဖုန်းအမျိုးအစားများစွာကို ထုတ်လုပ်ရန် ရည်ရွယ်ခဲ့သူပါ။ အဲဒီထဲကမှ Note 3 ဟာလည်း တစ်ခုပေါ့။
Note 3 မှာတော့ အင်မတန်ကောင်းမွန်တဲ့ Hardware နဲ့ Software စွမ်းဆောင်ချက်အသစ်တွေ ပါဝင် လာပါတယ်။
July 11, 2013
သည်းခြေအိတ် တွင် ကျောက်တည်ခြင်း အတွက်ကုထုံး ။
သည်းခြေအိတ် တွင် ကျောက်တည်ခြင်း အတွက်ကုသနည်း
Dr.Lai Chiu-Nam ၏ ဆေးနည်းဖြစ်ပါသည် ။
သည်းခြေကျောက်တည်သော ရောဂါ၏ လက္ခဏာ တစ်ခုမှာ
အစာကိုများများ စားပြီးနောက် ဝမ်းဗိုက်ပြည့်တင်း ဖေါင်းကားလာသကဲ့သို့ ခံစားရခြင်းဖြစ်တတ်သည် ။
အစာမကျေ သကဲ့သို့ လည်းခံစားရပါသည် ။ ရောဂါအခြေအနေပိုဆိုးလာပါက
အသည်းနေရာ တဝိုက်တွင် နာကျင်မှု့ ကို ခံစားရပါမည် ။
ဘယ်လို ကုရမလဲ ?
၁ ။ ပထမ ( ၅ ) ရက်တွင် နေ့ စဉ် ပန်းသီး ဖျော်ရည် ( ၄ ) ခွက် သောက်ပါ ။
     (သို့ မဟုတ်) ပန်းသီး လေး ၊ ငါးလုံး စားပါ ။
     တရုတ်ပြည်မှ ဝင်သော အခွံနီ ပန်းသီးအကြီး ဖြစ်ပါသည် ။
     အစိတ်သေးသေးစိတ်၍  မနက် ၂ လုံး ၊ နေ့ လည် ၂ လုံး ၊ ည ၁ လုံး စားနိုင်ပါသည် ။
     *** ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ***
၂ ။ ၆ ရက်မြောက်သောနေ့ တွင် ညစာ မစားဘဲနေပါ ။
၃ ။ ထိုနေ့  ညနေ ၆ နာရီတွင် ဆားခါး 
     ( Epsom salt ) ( MgSo4 ) တစ်ဇွန်းကို ရေနွေး တစ်ဖန်ခွက် နှင့်သောက်ပါ ။
၎ ။ ည ( ၈ ) နာရီ တွင် အထက်ပါအတိုင်း ဆားခါး တစ်ဇွန်း ထပ်သောက်ပါ ။
     *** ဆားခါးသည် သည်းခြေအိပ်ပြွန်များကို ပွင့်စေပါသည် ။ ***
၅ ။ ည ( ၁၀ ) နာရီတွင် သံလွင်ဆီ ( သို့ ) နှမ်းဆီ ပန်းဂံလုံး တစ်ဝက် ကို
     လတ်ဆတ်သော သံပုရာရည် ပန်ဂံလုံး တစ်ဝက် နှင့် သေချာစွာ ရောမွှေပြီးမှ သောက်ပါ ။
     *** ဆီ သည် သည်းခြေကျောက်များကို ချောမွေ့ စွာ ထွက်စေနိုင်ပါသည် ။ ***
     ပန်းဂံလုံး တစ်လုံးစာ = ၂၅၀ မီလီ လီတာ
နောက်တစ်နေ့  ဝမ်းသွားသောအခါ ဝမ်းထဲတွင် အစိမ်းရောင်ကျောက်များကို တွေ့ ရပါမည် ။
July 5, 2013
နှလုံးသွေးကြော ကျဉ်းသည့် ရောဂါရှိသူများ အတွက်ဆေးနည်းကောင်း ။
နှလုံးသွေးကြော ကျဉ်းသည့် ရောဂါရှိသူများ အတွက်
ယ္ခုပြောပြမယ့် အိမ်တွင်းဆေး လေးကို သောက်ကြည့်ပါ ။
၃ လ ခန့် သောက်ပြီးလျှင် အချို့ သော By-Pass Surgery  လုပ်ရန် လိုအပ်သူများ သည်
By-Pass Surgery  လုပ်ရန်မလိုဘဲ ကောင်းမွန်သွားသည်မှာ
နီးစပ်ရာ ဝေဒနာရှင်များ လက်တွေ့ ဖြစ်ပါသည် ။
ငွေကုန် ကြေးကျ သိပ်မများ၍ လူတိုင်းတတ်နိုင်မည်ဟုထင်ပါသည် ။
Side Effect အန္တရယ် ဖြစ်မှာ ကိုလဲ စိုးရိမ်စရာမလိုပါ ။
ဘယ်လို လူတွေသောက်သင့်သလဲ ?
နှလုံးသွေးကြော ကျဉ်းသည့် သူများ ၊
Angiography or By-Pass Surgery လုပ်ရန်မလွယ်ကူသောသူများ ။
ဘာတွေ လိုအပ်သလဲ ?
ဆေးဖေါ်စပ်ရာတွင် လိုအပ်သောပစ္စည်းများမှာ ---
ရှောက်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ပန်းသီးမှထုတ်လုပ်ထားသော ရှာလကာရည် (Apple Cider Vinegar ) နှင့် ပျားရည်စစ်စစ် ။
ရှောက်သီးကို အရည်ညှစ် ရပါမယ် ။
ဂျင်း နှင့် ကြက်သွန်ဖြူ ကို လဲ အရည်ညှစ်ရပါမယ် ။ Blender ရှိရင်တော့ ပိုအဆင်ပြေပါတယ် ။
မရှိလဲ ကိစ္စမရှိပါဘူး ၊ သေသေချာချာ ညက်အောင်ထောင်းလို့ ရပါတယ် ။
Apple Cider Vinegar  ( ပန်းသီးမှထုတ်လုပ်ထားသော ရှာလကာရည် ) ကိုတော့ ရန်ကုန်မှာဆိုရင်
City Mart ဆိုင်တိုင်းမှာ ဝယ်လို့ ရပါတယ် ။ ၁ ပုလင်းမှ ကျပ် သုံး ၊ လေး ထောင်ဝန်းကျင်ပါ ။
ဘယ်လို ဖေါ်စပ်ရမှာလဲ ?
၁ ။ ရှောက်ရေ                  အကြမ်းပုဂံလုံး  ( ၁ ) လုံး
၂ ။  ဂျင်းရေ                     အကြမ်းပုဂံလုံး  ( ၁ ) လုံး
၃ ။  ကြက်သွန်ဖြူ အရေ      အကြမ်းပုဂံလုံး  ( ၁ ) လုံး
၎ ။  Apple Cider Vinegar  အကြမ်းပုဂံလုံး  ( ၁ ) လုံး
  • အပေါ်က ပစ္စည်း ( ၄ ) မျိုးကို အိုးအသေးတစ်ခုထဲထည့်ပါ ။
  • မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အကြမ်းပုဂံလုံး ( ၃ ) ခွက်စာရသည်အထိကြိုပါ ။
  • ( ခန့် မှန်းခြေ  မိနစ် ၆၀ ခန့် ကြာပါတယ် )
  • အကြမ်းပုဂံလုံး ( ၃ ) ခွက်စာ ရပြီ ဆိုလျှင် အအေးခံပါ ။
  • အေးသွားလျှင် ပျားရည်စစ်စစ် အကြမ်းပုဂံလုံး ( ၃ ) ခွက် နှင့် ရောမွှေပါ ။
  • ပြီးလျှင် ပုလင်းသန့် သန့် ထဲသို့ ပြောင်းထည့်လို့ ရပါပြီ ။
ထိုပုလင်းကို ရေခဲသေတ္တာထဲတွင်လည်းထည့်ထားလို့ ရပါသည် ။
ဘယ်လိုသောက်ရမှာလဲ ?
  • နေ့ စဉ်သောက်ရန် နံနက်စာ မစားခင် ( Before Breakfast ) ထ္မင်းစားဇွန်း နှင့် ( ၁ ) ဇွန်း ။
ဆေးသောက်ပြီး ၄၅ မိနစ် လောက်မှ နံနက်စာ ( Before Breakfast ) စားလျှင် ပိုကောင်းပါသည် ။
အားလုံးကျန်းမာချမ်းသာ၍ မိမိခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ ။
June 20, 2013
How to transfer individual Photo Albums from iPad / iPhone to PC
iPad / iPhone တို့ ထဲမှာ Camera Roll ထဲက မဟုတ်ပဲ တစ်ခြား Album Name ထဲက
Photo တွေကို Computer ထဲ ကူးချင်ရင် အလွယ်ဆုံး နည်းလေးပါဘဲ ။
ဒီ Software နံမည်လေးက PhotoTrans ပါ ။
မူရင်း Webpage  မှာ Full version အနေနဲ့ သုံးချင်ရင် $29.99 တဲ့ ....
ပိုက်ပိုက်ပေးရမှာမို့ ညစ်သွားသလားမိတ်ဆွေ  ????
ဒီမှာ အလကားပေးမှာပါ ။ ကဲ ... စိတ်ဝင်စားသွားပြီ မဟုတ်လား ??
အခု ဒီမှာ Full Version အဖြစ်သုံးလို့ ရအောင် Key လေးပါထည့်ပေးထားပါတယ် ။
Key : RQVT-OJNW-HKDL-IAVZ-EYOG
သုံးကြည့်လိုက်ပါ ။ ကြိုက်သွားမှာပါ ...
ဒီမှာ ယူပါ ။
June 11, 2013
Ancient Myanmar Images
Flickr မှာ Phokhwar sai @ thuriyasai တင်ထားတဲ့ Collection ကို ပြန် Share လုပ်ထားတာပါ ။
Created with flickr slideshow.
June 6, 2013
ဇွန်လအတွက် (၇) ရက် သားသမီး ဗေဒင် ။
ဆရာ Dr.Tin Bo Bo ၏  Web Link  : Compubaydathukhuma
                               Facebook    : ကွန်ပျူဗေဒ သုခုမ
           Dr.Tin Bo Bo's  Facebook : Dr.Tin Bo Bo
ဆရာ Dr.Tin Bo Bo ၏ အတွေးအခေါ် ၊ ဗေဒင်ပညာ
Probability နှင့် Possibility များကိုသေသေချာချာချိန်ဆ၍
တွက်ချက်ထားချင်းများကို ကြိုက်နှစ်သက် လေးစားပါသောကြောင့်
ယ္ခု  Post အား ဆရာ့ Website မှတဆင့် ကူးယူဖေါ်ပြပါသည် ။
# တနင်္ဂနွေ သားသမီးများ
သူ့ဖက်ကိုယ့်ဖက် မျှတအောင် ဆောင်ရွက်ညှိနှိုင်းမှုဖြင့် အလုပ်အကိုင် အကြံအစည်များ အထမြောက် အောင်မြင်မည့် ကာလဖြစ်သည်။ အကျဉ်းအကျပ် အခက်အခဲကြုံနေသူများ အခက်အခဲများမှ လွန်မြောက်နိုင်မည်။ အပေးအယူ နှင့် အလွှဲအပြောင်း ကိစ္စများ အောင်မြင်ပြီး အကျိုးခံစားခွင့်ရှိမည်။ အလှူဒါန ပြုရန် ကိစ္စများ ပေါ်ပေါက်မည်။ ထီပေါက်ကိန်းရှိသည်။ (၃, ၅, ၇, ၀) ဂဏန်းများ ပါအောင်ထိုးပါ။ (ဘဏ် . . စသည်တို့မှ) ချေးငွေ ချေးငှားရယူနိုင်မည်။ လက်အောက်လူ ၊ တပည့်တပန်း အကျိုးပေးမည်။ ရင်းနှီးမြုတ်နှံမှုများမှ အကျိုးအမြတ် ပြန်လည်ရရှိနိုင်မည့် ကာလဖြစ်သည်။ မိမိကျန်းမာရေး နှင့် မိသားစုကျန်းမာရေး ဂရုစိုက်ပါ။ အိုးအိမ် အပြောင်းအရွှေ့ အလုပ်အကိုင် အပြောင်းအလဲ ရှိနိုင်သည်။ ငွေကြေးကံ ကောင်းမွန်မည့် လ, တစ်လ ဖြစ်လိမ့်မည်။
ယတြာ - မွေးနေ့ တနင်္ဂနွေနေ့တွင် အုန်းသီးတစ်လုံးကို စီးဆင်းနေသော မြစ်၊ ချောင်း တစ်ခုခုအတွင်း စွန့်ပစ်လိုက်ပါ။
.
# တနင်္လာ သားသမီးများ
အနစ်နာခံလုပ်ဆောင်ခဲ့မှုများ၏ အကျိုးကျေးဇူးကို ပြန်လည်ရရှိ ခံစားရမည့် လ, ဖြစ်သည်။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းများ ခံစားရရှိမည်။ ဆရာသမား အကြီးအကဲများ၏ စောင့်ရှောက်မှုကို ရရှိမည်။ နာမည် ဂုဏ်သတင်း ကျော်ကြားမှု အထူးရှိမည့် ကာလဖြစ်သည်။ မိမိ ရည်မှန်းချက် ၊ အကြံအစည်များ အထမြောက် အောင်မြင်နိုင်မည့် ကာလဖြစ်သည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အထူးအဆင်ပြေနိုင်သည်။ သို့သော် “စန်း” အပွင့်လွန်ပြီး လိင်ကိစ္စအရှုပ်အထွေးများလည်း ၀င်လာတတ်သည်။ တနည်းနည်းဖြင့် နာမည်ကျော်ကြားကိန်း ရှိတတ်သည်။ လက်ထပ်မင်္ဂလာပြုရတတ်သည်။ ငွေကြေးကံ အထူးကောင်းနေတတ်သည်။ ငွေစုငွေပုံဝင်ကိန်း ၊ ထီပေါက်ကိန်း ရှိတတ်သည်။ ယာဉ်ကား ၀င်ကိန်း ရှိသည်။
ယတြာ - နေအိမ်ဘုရားတွင် နာနတ်သီး (သို့) နာနတ်သီးဖျော်ရည် ကပ်လှူပူဇော်လိုက်ပါ။
.
# အင်္ဂါ သားသမီးများ
ယခုလအတွက် အောင်မြင်ရေး ၊ စီးပွားရေးပိုင်းတွင် တိုးတက်မည့် ကံတရားများ ရှိသော်လည်း ဘေးဥပဒ် မကင်းသော လ, တစ်လ ဖြစ်နိုင်သည်။ မတော်တဆ ထိခိုက်မှုများ သတိထားပါ။ အနုပညာရှင်များ ၊ နိုင်ငံရေးသမားများ လူထု၏ ထောက်ခံမှုကို ရနိုင်သော ကာလဖြစ်သော်လည်း အောင်မြင် ကျော်ကြားမှု နှင့် ဘေးဥပါဒ်တို့ ပူးတွဲဝင်ရောက်နိုင်သည့် ကံဇာတာမျိုး ရှိနေသည်။ တစ်စုံတစ်ခုသော ဆုံးရှုံးမှု တစ်ခုခု ကြုံရဖွယ် ရှိသည်။ ကျန်းမာရေး အနည်းငယ် ညံ့ကိန်း ရှိသည်။ ပျောက်ဆုံးနေသော အဖိုးတန်ပစ္စည်း တစ်ခု ပြန်လည်တွေ့ရှိတတ်သည်။ အခက်အခဲတွေ့နေသူများအား ကူညီလမ်းညွှန်မှု ပြုရမည့် ကာလဖြစ်သည်။ မိုးကြိုး နှင့် လျှပ်စစ်အန္တရာယ် သတိပြုပါ။
ယတြာ - အခမဲ့ ဆေးရုံတစ်ခုတွင် လျှပ်စစ်ပစ္စည်းတစ်ခုခု လှူဒါန်းလိုက်ပါ။
.
# ဗုဒ္ဓဟူး သားသမီးများ
မိမိကြံစည်ထားသော ရည်ရွယ်ချက် ၊ အလုပ်အကိုင်တစ်ခုကို စတင် အကောင်အထည် ဖော်နိုင်မည့် ကာလဖြစ်သည်။ သို့သော် နှောင့်နှေးကြန့်ကြမှု နှင့် အချိန်ဆွဲနေမှုများကြောင့် အကောင်အထည် ပေါ်ရန် နှေးကွေးနေတတ်သည်။ ပညာရေးကံ အထူးကောင်းမွန်နေပြီး အတတ်ပညာအသစ်များ ဆည်းပူးရတတ်သည်။ မိမိ၏ အရှိန်အ၀ါ နှင့် နာမည်ကျော်ကြားမှုများ ပိုမိုတိုးတက်မြင့်မားလာမည့် ကာလ ဖြစ်သည်။ ပိုမိုကောင်းမွန်သော ဘ၀တိုးတက်မှုအတွက် တစ်စုံတစ်ခုကို ကျောခိုင်း စွန့်လွှတ်ရဖွယ် ရှိသည်။ မဖြစ်မနေ လုပ်ကိုင်ရမည့် အထူးကိစ္စတစ်ခုကြောင့် ပုံမှန်လုပ်ငန်းများကို ရပ်ဆိုင်းထားရခြင်း (သို့) လက်အောက်ဝန်ထမ်းများအား ပုံအပ်ထားရခြင်းမျိုး ကြုံဆုံရနိုင်သည်။ ၀န်ထမ်းများ ရာထူးတိုးတက်ရန် အလားအလာကောင်းသော ကာလဖြစ်သည်။ သွားကိုက်သွားနာ ၊ ဒူးနာ ၊ အရိုးအဆစ် နာကျင်ခြင်းများ ခံစားရတတ်သည်။ လူပင်ပန်း စိတ်ပင်ပန်းမှု များမည့် ကာလဖြစ်သော်လည်း ပင်ပန်းသလောက် အကျိုးများ မည့် လ, တစ်လ ဖြစ်ပေလိမ့်မည်။
ယတြာ - မရှိနွမ်းပါးသူ သက်ကြီးရွယ်အို တစ်ဦးအား “ထီး” တစ်လက် ၀ယ်ပေးပြီး ကုသိုလ်ပြုလိုက်ပါ။
.
# ကြာသပတေး သားသမီးများ
ပညာရဲရင့် ပွဲလယ်တင့်မည့် ကာလဖြစ်ပြီး အသိပညာ အတတ်ပညာဖြင့် အသက်မွေးသူများအတွက် အောင်မြင်မှု ရရှိမည့် လ, တစ်လဖြစ်သည်။ သို့သော် ဘေးဥပဒ်လည်း မကင်းလှချေ။ ကျန်းမာရေး အညံ့ရှိပြီး ဆေးရုံဆေးခန်း တက်ရောက်ရဖွယ် ရှိသည်။ အသေးစား ခွဲစိတ်ကုသခံရကိန်းမျိုးလည်း ရှိတတ်သည်။ ဆုံးရှုံးမှုများအတွက် ၀မ်းနည်းကြေကွဲမနေဘဲ အနာဂါတ်ကို မျှော်ကြည့်ရမည့် ကာလဖြစ်သည်။ အတူနေ အဖော်, သူငယ်ချင်း (သို့) အိမ်ထောင်ဘက်ကြောင့် စိတ်ဆင်းရဲရကိန်း ရှိသည်။ လုပ်ငန်းခွင် ၊ လူမှုအသိုင်းအ၀န်းအတွင်း နာမည်ပျက်ကိန်း ၊ နာမည်ဖျက်ခံရကိန်း များ ရှိနေသည်။ စိတ်ဓာတ် တက်/ကျခြင်း ၊ ပျော်ရွှင်/၀မ်းနည်းခြင်း ၊ မျှော်လင့်ခြင်း/တွေဝေခြင်း စသည့် စိတ်အပြောင်းအလဲ အတက်အကျများစွာ ဖြစ်ပေါ်နိုင်သည့် လ, တစ်လ ဖြစ်သည်။
ယတြာ - အနက်ရောင် သတ္တ၀ါ တစ်ကောင် (ခွေး ၊ ကြောင် ၊ ကျီး ၊ အနက်ရောင် ငါး .  . စသည်) ကို ပေါင်မုန့် (၅)လုံး ကုန်အောင် ကျွေးပါ။ အခက်အခဲ ရှိရင် ကိုယ့်မှာ ရှိတဲ့ အနက်ရောင် အ၀တ်အစားတစ်ခုကို စွန့်ပစ်လိုက်ပါ။
.
# သောကြာ သားသမီးများ
အောင်မြင်ပျော်ရွှင်ဖွယ်ကောင်းသော ကာလတစ်ခုဖြစ်မည်။ မပြီးပြတ်ဘဲ ဖြစ်နေသော လုပ်ငန်း ၊ စီမံကိန်းတစ်ခုကို အပြီးသတ်နိုင်ခြင်းကြောင့် စိတ်ချမ်းမြေ့မှု ရရှိမည့် ကာလဖြစ်သည်။ ခရီးသွားလာရကိန်း ရှိသည်။ နိုင်ငံရပ်ခြားနှင့် ပတ်သက်နေသော လုပ်ငန်းများ အောင်မြင်မှု ရရှိမည်။ ငွေအထွက်များနေမည်။ ရင်းနှီးမြုတ်နှံမှုများတွင် အရှုံးပြနေတတ်သည်။ ရပ်ဝေးနေ ဆွေမျိုး ၊ အပေါင်းသတင်းများထံမှ သတင်းကောင်း ကြားရမည် (သို့) လက်ဆောင်ကောင်း ရတတ်သည်။ အနုပညာသမားများ နှင့် နိုင်ငံရေး နယ်ပယ်မှ သူများအတွက် လူထုထောက်ခံမှုကို များစွာ ရရှိနိုင်သည့် လ, တစ်လ ဖြစ်မည်။ အောင်မြင်ကျော်ကြားတတ်သော်လည်း ငွေကြေးကံ မကောင်းလှသော လ, တစ်လဖြစ်လိမ့်မည်။
ယတြာ - လမ်းပြုပြင်ခြင်းများတွင် အလှူငွေ ထည့်ဝင်ခြင်း ၊ ခရီးသွားရန် အခက်အခဲဖြစ်နေသူများကို ခရီးစားရိတ်လှူဒါန်းခြင်းများ ပြုလုပ်ပေးပါ။
.
# စနေ သားသမီးများ
မိမိရပိုင်ခွင့် ၊ နေရာဌာန ၊ အကျိုးစီးပွားများကို အပြင်းအထန် ကာကွယ်ရမည့် ကာလဖြစ်နိုင်သည်။ အပြိုင်အဆိုင် များ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိသည်။ သက္ခတ်ညံ့သူများ တရားတဘောင် အမှုအခင်း ဖြစ်နိုင်သည်။ အတိတ်တွင် အမှားများစွာ လုပ်ခဲ့သူများအတွက် ပြန်လည်ပေးဆပ်ရတတ်သည့် အခြေအနေ မျိုး ကြုံရနိုင်သည်။ “လောကပါလတရားရှင်မှ မကောင်းသူဖယ် ၊ ကောင်းသူကယ်”မည့် ကာလဖြစ်သည်။ အဟောင်းများ အသစ်ပြန်ဖြစ်တတ်သည်။ နာမည်ပျက်ကိန်း အလွန်များတတ်ပြီး မကောင်းသတင်းကျော်စော တတ်ဖွယ်ရှိသည်။ လောဘအလွန်ကြီးပြီး ကိုယ်ကျိုးသက်သက်သာ ကြည့်တတ်သူများ ဒုက္ခမျိုးစုံ ကြုံရဖွယ် ရှိသည့် လ, တစ်လဖြစ်နိုင်သည်။ ထို့ကြောင့် မကောင်းသော အကုသိုလ်မှုများကို ယခုလတွင် တတ်နိုင်သလောက် ရှောင်ကျဉ်ပါ။ မိမိဆွေမျိုး ၊ ရင်းနှီးသော မိတ်ဆွေများ အတွင်း နာရေးကိစ္စ ကြုံရတတ်သည်။ မိမိကိုယ်တိုင်လည်း ကျန်းမာရေးကို အထူးသတိပြုပါလေ။
ယတြာ - ဆေးရုံ ၊ ဘိုးဘွားရိပ်သာ ၊ မသန်စွမ်းသူများဂေဟာ စသည့် နေရာ တစ်ခုခုတွင် ဒါနမှု တစ်ခုခုကို ပြုပါ။ တတ်နိုင်လျှင် တစ်လအတွင်း (၃)နေရာပြည့်အောင် အလှူဒါနပြုပါ။ အညံ့လွတ်နိုင်ပါသည်။
.
# ရာဟု သားသမီးများ
ထီဆုကြီး ပေါက်ကိန်း (သို့) တနည်းနည်းဖြင့် ငွေစုငွေပုံ ၀င်ကိန်း ရှိတတ်သည်။ သို့တည်းမဟုတ် ဆုတံဆိပ် ၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခံရတတ်သည်။ မိမိ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ၀မ်းသာကြည်နူး ဖြစ်ရမည့် ကာလဖြစ်သည်။ ကြိုးစားအားထုတ်မှု၏ အသီးအပွင့်ကို ခံစားရမည့် အချိန်ဖြစ်သည်။ ပညာဂုဏ်ရောင် ထွန်းပြောင်မည့် ကာလဖြစ်သည်။ ကျန်းမာရေးကမူ ချူခြာ အားနည်း နေတတ်သည်။ ရုတ်တရက် နာဖျားမကျန်းမမာ ဖြစ်တတ်သည်။ ရွှေအရောင်း/အ၀ယ် အမှားဖြစ်တတ်သည်။ မိတ်ကောင်းဆွေကောင်းဟု ယူဆထားသူတစ်ဦး၏ မရိုးမသားလုပ်မှုကို ခံရဖွယ် ရှိသည်။ လိင်စိတ်ဆန္ဒများ များပြားတတ်သော လ, ဖြစ်ခြင်းကြောင့် အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းသင့်ပေသည်။ အဆင်မသင့် လျှင် ထိုကိစ္စကြောင့် နာမည်ပျက်ကိန်း ရှိတတ်သည်။
ယတြာ - မကြာမှီ မွေးဖွားတော့မည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအား ကလေးအနှီး နှင့် ကလေးအသုံး အဆောင်ပစ္စည်းအချို့ကို လက်ဆောင်အဖြစ် ပေးလိုက်ပါ။ ထီထိုးလိုလျှင် (၃, ၅, ၀, ၇) ဂဏန်းများ ပါအောင် ထိုးပါ။
.
(၇)ရက် သားသမီးများ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
June 2, 2013
အလည်လာခဲ့ပါ ။
ခရီးသွားရင်း အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို စုစည်းတင်ထားမဲ့ Site ပါ ။
အလည်လာခဲ့ဖို့  ဖိတ်ခေါ်ပါတယ်နော် ။
wahgyiphotography
June 1, 2013
OfficeSuite Viewer 7 PDFandHD 7.1.1222.apk
 ဒီ OfficeSuite Viewer 7 PDFandHD 7.1.1222.apk လေးကလဲ အသုံးဝင်ပါတယ် ။
နိုင်ငံပေါင်း ၂၀၅  နိုင်ငံကျော် မှာရှိတဲ့ Android Device ပေါင်း 100 Million က အသုံးပြုကြပါတယ် ။
Google Play Store ရဲ့ Business Category မှာ No.1 အဆင့်မှာ ရှိနေတဲ့ Application ပါ ။
Android Phone တွင် ရှိသင့်သော Application များ ။
Android Phone တိုင်းမှာ ရှိသင့်တဲ့ Application တွေပါ ။
ဒီ  All-In-One Tool box ထဲမှာပါတဲ့ Application တွေကတော့......
အားလုံး  17 Tools ပါဝင်ပါတယ် ။
1. Apk Cleaner
2. Backup & Restore
3. Homescreen shortcut
4. Memory status report (RAM, ROM, SD Card memory and CPU)
5. System information
6. One-click task killer
7. Cache cleaner
8. History cleaner (clipboard, browser, Market, Gmail search, Google Maps, Google Earth history)
9. Call log and messages cleaner
10. SD Card temporary file cleaner
11. App to SD Card
12. SD Card file manager
13. Batch installer
14. Batch uninstaller
15. Startup manager
16. Add app to startup
17. Homescreen widget
Where's my water v1.11.0 Full Version
Where's is my water game ကတော့ အကြိုက်ဆုံး Game တစ်ခုပါ ။
Full Version ဖြစ်တဲ့ အတွက် Level ပေါင်း ၁၄၀ ပါ ပါတယ် ။
File Size ကတော့ 46.65 MB ပါ ။
ဒီမှာ ယူပါ ။
May 29, 2013
Louis Vuitton In Inlay
Louis Vuitton ကြော်ငြာ အင်းလေးမှာ ရိုက်ထားတာ...
May 28, 2013
12 Rounds 2 Reloaded
 2009 တုန်းက 12 Rounds ရုပ်ရှင်လေးကိုကြည့်ပြီး သဘောကျမိပါတယ် ။
အခု 2013 မှာ  12 Rounds 2 Reloaded ဆိုတဲ့ကား ထပ်ထွက်လာပါတယ် ။
Story Line
12 Rounds 2 (2013) Bluray 720p BRRip 625MB
Nick Malloy portrays an Emergency Medical Technician (EMT) who finds himself caught in a deadly 12-round game of cat and mouse with a vigilante tied to the paramedic’s past. With little time to spare and his wife’s life hanging in the balance, the EMT must figure out why he’s been chosen to be the pawn in this maniac’s game before it’s too late.
Screenshot
Download Movies
PART ( 1 )
PART ( 2 )
PART ( 3 )
 PART ( 4 )
May 22, 2013
Clone Camera V1.2.apk
Android မှာ ဓါတ်ပုံရိုက်ပြီး ကိုယ့်ပုံလေးတွေ အများကြီးပွားမယ် ။
ဒီ Software လေးက  တော်တော်လေးလန်းတယ် ။
Clone Camera
Clone Camera enables you to produce easy and perfect clone photo on your smart phone.
Guide system helps you frame a photo more easily than any other apps and synthesize photos most stably and perfectly. The quality of the results of Clone Camera overwhelm other app’s outcome.
Features: 
  • Guide for shooting with afterimages 
  • Self-timer function that can perform multi-shot with 4 times 
  • The camera shake correction function 
  • 27 different high-quality photo filters 
  • Support high-resolution image 
  • Support Instagrams, Facebook, Twitter, Flickr
Instructions: 
  1. Shoot 2 to 4 photos 
  2. Mark on the part you want to synthesize by drawing with your finger. 
  3. Synthesize. 
  4. Apply a variety of filters, or insert letters 
  5. Store in the camera or share on various social network services.
Cloen Camera V1.2  ( 42 Mb ) ကို  ဒီမှာ ယူပါ ။ 
 2.3+