October 27, 2008

နေရာလေးတခု ။

လူတိုင်း လူတိုင်း ကိုယ့်ဆံပင်ကို တကယ်တတ်ကျွမ်း နားလည်တဲ့လူ နဲ့  ညှပ်ချင်ကြမှာပါ။
အခုရောက်ခဲ့တဲ့ နေရာလေးက.......
အရင် ရန်ကုန် မြရိပ်ညို ဟိုတယ် မှာဖွင့်ခဲ့ပြီး အောင်မြင်တဲ့ Beauty Salon တခုပါပဲ ။
တကယ်တတ်ကျွမ်းနားလည်တဲ့ Professional က ညှပ်ပေးမှာပါ ။
ဈေးနှုန်းကလဲ မများပါဘူး ။ ကဲ ဘာလိုသေးလဲ ..... ?

September 29, 2008

အမှတ်တရ ။

ဒီ Jean Template လေးကို ပြောင်းချင်တဲ့ ရောဂါက လွန်ခဲ့တဲ့ ၂ပါတ်လောက်က စရတာပါ။
ပြောင်းသာပြောင်းချင်တာ ၊ ဘာမှနားမလည်တော့ ခက်သားလား ။ မနေနိုင်တဲ့ အဆုံးမှာတော့ ....
အရဲစွန့် ပြီးပြောင်းကြည့်တာ ၊ မိုးလင်းသွားပါလေရော ။ ကံကောင်းတာကတော့ အဆင်ပြေသွားတာပါပဲ ။
ကိုယ့်ဘာသာကို အဆင်ပြေတာနော် ၊ တတ်ကျွမ်းနားလည်တဲ့ ဆရာကြီးများ ကြည့်ရင်တော့ လိုအပ်အုံးမှာပါ ။

May 29, 2008

အလှုတော်မင်္ဂလာ ။

ဆရာသမားလည်းဖြစ်ပြီး ၊ မိဘ အရင်းပမာ ဆုံးမ သွန်သင်ခဲ့ပေး သော အဖေ့အား ဂါရပြုပါတယ် ။


May 6, 2008

မုန်တိုင်းအပျက်အစီး ဓါတ်ပုံများ ။







ရန်ကုန်တွင် မုန်တိုင်းကြောင့် ပျက်စီးပုံများအား ကူးယူဖေါ်ပြထားပါသည် ။
စိတ်မကောင်းစရာ မြင်ကွင်းများမှာ....

April 21, 2008

ဆုငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ( တစ်သောင်း ) ။


တစ်သက်စာ ခိုးတဲ့ဝှက်တဲ့ မရိုးမသားလုပ်ငန်းတွေ မလုပ်ရအောင် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ယဉ်ယဉ်ကျေးကျေး ဆုံးမနိုင်သူအား အမေရိကန်ဒေါ်လာ ၁၀၀၀၀ ( တစ်သောင်း ) ၊ စင်္ကပူဒေါ်လာ ပေါ်က်ဈေးအတိုင်း ဆုချမည် ။

http://www.burmeseclassic.com/video4u.php?status=go&pno=1


April 12, 2008

မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ ။

အားလုံး အတွက် မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ လို့  ဆုမွန်ကောင်း တောင်း လိုက်ပါတယ် ။


“တန်ခူးလဘွဲ့ 
မြန်မာနှစ်သစ်” ။

ဟောင်းရွက်ညှာ ခါလှစ်လို့ 
တာသစ်ကယ်တဲ့ နံ့ ကြိုင်။
ထုတ်ဖြူးလေဆော်က ၊
ပန်းကံ့ကော် ၀တ်မှုံကျင်း ၊
သင်းပျံ့ လို့ လှိုင် ။
ကြယ်နှစ်ပြိုင် စိတြငယ်နှင့် ၊
ငွေလသော်တာတို့  ၊
ယုဂန်ချာ တောင်တော်စွန်းမှာ ၊
ထွန်းထိန်လို့ လင်း ။

( ဖိုးသူတော်ဦးမင်း )

March 15, 2008

နှစ်သက်သော ကဗျာ။

အကြိုက်ဆုံး ကဗျာလေးပါ။


ဗေဒါလမ်း။

ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)

March 5, 2008

စုဆောင်းထားသော မြန်မာ တဆိပ်ဂေါင်းများ ။

တဆိပ်ဂေါင်း စုခြင်း ကိုဝါသနာပါသော သူငယ်ချင်းများအတွက်ဝါသနာတူ စုထားတဲ့ တဆိပ်ဂေါင်းတွေ ရှိရင် ပို့ ပေးပါနော် ။



January 24, 2008

အပျင်းပြေ ကစားရအောင် ။

မိတ်ဆွေတို့ ရေ အချိန်လေး အားရင် အပျင်းပြေ ကစားရအောင်နော် ။ သူငယ်ချင်း တယောက် Share ပေးထားတာပါ ။

အပျင်းပြေ က
ဒီလိုပါ ။

January 1, 2008

Happy New Year 2008 !

မင်္ဂလာရှိသော နှစ်သစ်မှာ အားလုံး လိုရာဆန္ဒ ပြည့်စုံကြပါစေ။

November 21, 2007

တိတိကျကျ ၊ မှန်မှန် ကန်ကန် ၊ မြန်မြန် ဆန်ဆန်လုပ်။

ကိုယ်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်တခုပါ။ အောက်တိုဘာလ ကုန်ခါနီးမှာ အိမ် ခဏပြန်သွားပါတယ်။ Nov ၂ ရက်နေ့ မှာ ရန်ကုန်ကနေပြန်လာတဲ့ အခါမှာ .........

ရန်ကုန်လေဆိပ်ရဲ့ Immegration Counter အရောက်မှာ Passport စာအုပ်နှင့် စာရွက်စာတမ်းများပြသောအခါ.....
တာဝန်ကျ Immegration ၀န်ထမ်းက D-Form တောင်းပါတယ်။ D-Form ပြရာ ဘဏ်ချလံ စာရွက်တောင်းရာ မလိုအပ်ဘူးထင်ပြီး မယူလာခဲ့ ပါဟုပြောရာ ထိုဝန်ထမ်းမှ လိုတာပေါ့ ။ ပြန်ယူရန် အချိန်လဲ မရှိတော့ပါ။

ဘဏ်ချလံ သွင်းပြီးမှ D-Form စာရွက်ကျတာ ၊ ဘဏ်ချလံ ထပ်ပြဖို့လိုအပ်တယ်ဆိုတော့ တမျိုးကြီးပါပဲ။ ထားပါတော့ ၊ ကိုယ့်အမှားဖြစ်နေပြီလေ။ ဒါဆိုရင် ပြန်လာတဲ့ နေ့တုန်းက Immegration Officer နဲ့ ၀င်တွေ့ရပါတယ်။ သူက တလထက်ကြာပြီး ပြန်မှ D-Form လုပ်ပါလို့ ပြောပ်တယ်။ အခု D-Form ကလိုလိုမယ်မယ် လုပ်ထားတာပါ လို့ပြောတော့ ထိုဝန်ထမ်း က Passport စာအုပ်ကိုပြန်ကြည့်ပြီး ၊ စာအုပ်မှာ Log no. မရေးထားဘူး ၊ ကျောင်းတက်နေကြောင်း သံရုံးထောက်ခံစာ မပြခဲ့ဘူးလား Copy ၂ စောင်ရောမပေးခဲ့ဘူးလား မေးတော့တာပဲ။


ဟုတ်ကဲ့ .... ထောက်ခံစာလဲ ပြပါတယ် ၊ Copy ၂ စောင်လဲပေးခဲ့ပါတယ်။ အခုဒီမှာလဲ မူရင်းပါပါတယ် ဆိုပြီးစာရွက်ပြရာ ၊ ဒါဆိုရင် အရာရှိနဲ့ လိုက်တွေ့ပါ ဆိုပြီးခေါ်သွားပါတယ်။ အရာရှိရုံးခန်းသို့ သွားရာလမ်းတွင်၊ ထိုဝန်ထမ်းအား ၊ ၂၂ အောက်တိုဘာ က ပြန်လာတာပါ ၊ အဲ့ဒီနေ့က အ၀င်စာရင်းမှာကြည့် ကြည့် ပါ လို့ပြောရာ ၊ အ၀င်စာရင်းမှာ မတွေ့ဘူးလို့ ပြန်ပြောပါတယ်။ ဘုရား ဘုရား လူကိုယ်တိုင် ပြန်ရောက်ပြီး အခုပြန်ထွက် မှာတောင် အ၀င်စာရင်းမှာမတွေ့ ဘူးဆိုတော့ မစဉ်းစားတတ်တော့ပါဘူး။


Immegration Officer ဆီရောက်တော့ အစအဆုံးပြန်ရှင်းပြရ ပြန်ရော။ ကိုယ်ကိုယ်တိုင် အ၀င်စာရင်းကိုရှာပရစေ ၊ ဆိုပြီးရှာတော့ ၂၂ ရက် မှာမတွေ့ ၊ ၂၃ ရက်ကိုကြည့် လိုက်တော့ ...... တွေ့ပါပြီ ၊ ဒီမှာပါလို့ ပြတော့ ၊ သူတို့ က ခင်ဗျားပြောတော့ ၂၂ ရက်ဆို အခုတော့ တလွဲ တဲ့ ။ မဟုတ်ရပါဘူး ပြန်လာတာ ၂၂ ရက်နေ့ သေချာပါတယ်။ မှတ်မှတ်ရရ အဲ့ဒီ မနက်ကမှ သံရုံးမှာ ထောက်ခံစာ ၀င်ယူခဲ့တာပါ။ Passport မှာလဲ Permitted to land Admitted 22 OCT 2007. လို့ တဆိပ်ထုထားပါတယ်။ နောက်တခါ စာရွက်တွေထုတ်ပြရပြန်ရော ၊ အဲ့ဒါနဲ့ သူတို့ အချင်းချင်း " ဒီကောင်တွေ သေသေချာချာမလုပ်ဘူး ၊ သောက်တလွဲပဲ " ဆိုပြောပြီး ထိုအရာရှိဆိုသူက ၊ ကဲ စာအုပ်မှာ Log no. ရေးပေးလိုက် လို့ပြောပါတယ်။


Immegration ၀န်ထမ်းက နောက်ဆိုမှတ်ထား အ၀င်မှာ Log no. ရေးခိုင်း Date ကိုသေသေချာချာစစ် ဆိုပြီး သူတို့ ၀န်ထမ်းတွေလုပ်ရမဲ့ အလုပ်တွေကိုလာမှာနေပါတယ်။ မှတ်သားလောက်ပါတယ်။ အခု ကျွန်တော် ရေးပေးလိုက်လို့ မဟုတ်ရင် ဒီနေ့ပြန်လို့ရမှာ မဟုတ်ဘူးတဲ့။


နိုင်ငံတော်ကြီး ကချမှတ်ထားတာက ၊ တိတိကျကျ ၊ မှန်မှန်ကန်ကန် ၊ မြန်မြန်ဆန်ဆန် လုပ် ဆိုတာ ဘယ်သူတွေအတွက်ပါလိမ့် လို့ တွေးရင်း Immegration Counter မှကျော်ဖြတ်ခဲ့ပါတယ်။