November 12, 2012
iPhone အတွက် mpt internet setting
How to connect mpt mobile internet via iPhone
mpt  internet setting ကို iPhone မှာ ဘယ်လို ထည့်မလဲ ?
သူငယ်ချင်း အပေါင်းအသင်း တွေ မိတ်ဆွေတွေက အကူအညီတောင်းရင် ကူညီလိုက်ပါ ။
Home screen မှာ ဒီလိုလုပ် လိုက်ပါ ။
1 . Settings -> General -> Network အောက်ရှိ 
     Cellular  Data နှင့် Enable 3G နှစ်ခုစလုံးကို 
     "ON" ပေးလိုက်ပါ ။
2. Cellular Data Network သို့ သွားပါ ။
3. Cellular Data အောက်ရှိ APN တွင် mptnet
    ရိုက်ထည့်ပေးလိုက်ပါ ။
ပြီးရင်  ဖုန်းကို Reboot   ပြန်လုပ်ပါ ။ (Power ပိတ်ပြီး ပြန်ဖွင့်ပါ )
Internet  ချိတ်မိပြီ ဆိုရင် ဖုန်းလိုင်း အတုံးလေးများ ( Network Signal ) ဘေးမှာ "E"  အမှတ်အသားလေး  ပြနေပါလိမ့်မည် ။
Webpage တွေဝင်လို့ ရအောင် Connection တတ်တာ ၊ မတတ်တာ အသာထား ပိုက်ဆံကတော့ တစ်မိနစ် (၂) ကျပ်နှုန်းနဲ့  စတတ်နေပြီနော် မိတ်ဆွေ ။  :D
ကဲ ..... နောက်တစ်ပိုင်းက Phone Internet  ကို Computer နဲ့  ချိတ်သုံးမယ် ။
ဒီကိုပြန်ကြည့်ပါ ။  
Settings -> General -> Network အောက်တွင် Personal Hotspot ကိုတွေ့ ရပါမယ် ။
ဖွင့်ချင်ရင် "ON" ပိတ်ချင်ရင် "OFF" ပေါ့ ။ 
November 11, 2012
iPhone မှာ SMS Centre No ပြောင်းမယ် ။
How to change SMS Center Number On iPhone
အထူးသဖြင့်တော့ မြန်မာပြည်မှာ တစ်ခါတစ်လေ ပြောင်းရတတ်ပါတယ် ။
SMS Center No. iPhone မှာဘယ်လိုပြောင်းမလဲ ?
လွယ်ပါတယ် ... ။  ဒီလိုလေး လုပ်လိုက်ပါ ။
SMS Centerr ပြောင်းတဲ့ Code က **5005*7672*SMSCNUMBER 
မြန်မာပြည် ဆိုတော့  **5005*7672*+9595930003 အဲ့ဒီအတိုင်း ရိုက်လိုက်ပါ ။
                  ပြီးရင်  Call  ကို နှိပ်ပါ ။
SMS Center Number ပြန်ကြည့်ချင်ရင် တော့  .......
Code က *#5005*7672* ပြီးရင် Call ကိုနှိပ်ပါ ။
England - Premier League Table 2012 - 2013
MP = Matches Played      W = Win                  D = Draws   L = Losses      
  F = Goals For              A = Goals against      P = Points
November 10, 2012
Tips for iPhone and iDevices
iPhone နဲ့  iDevice များ အတွက် အသုံးဝင်သော အရာများကို စုစည်းပေးထားပါတယ် ။
Restart  iPhone.
Phone သုံးနေရင်းနဲ့ လုံးဝ Hang သွားလို့ရှိရင် Freeze ဖြစ်သွားရင် အသုံးဝင်ပါတယ် ။
ဖြစ်တော့ ဖြစ်ခဲပါတယ် ။ လုံးဝ မဖြစ်ဘူးလို့ တော့ မထင်ပါနဲ့  ။ ဖြစ်လာခဲ့ရင်တော့ ........
ဒီလို လုပ်ပါ ။
Home နဲ့ Sleep Button ကိုကြာကြာလေးနှိပ်ထားလိုက်ပါ ။ ( Screen အမဲပြတဲ့အထိ )
ပြီးရင် Power ပြန်ဖွင့်လိုက်ပါ ။
ကဲ .... အဆင်ပြေသွားပြီနော် ။
Screenshot.
Phone Screen ပေါ်က အရာများ ဥပမာ .... Connection နှေးနေတဲ့အခါ Facebook တို့ 
Webpage တို့ ပေါ်က ဓါတ်ပုံတွေ ၊ စာတွေ ကို လိုချင်တယ် ဆိုရင် Screenshot ရိုက်လိုက်မှာပေါ့ ။
ဒါလေးများ .... လွယ်ပါတယ် ။
Home Key ကို Sleep Key နဲ့ တွဲနှိပ်လိုက်ပါ ။ 
Scroll to Top.
Web Browsing လုပ်နေတဲ့အခါ Facebook, Twitter တို့သုံးတဲ့အခါ ကြည့်ရင်း ကြည့်ရင်းနဲ့  ဟိုးအောက်ဘက် ကိုရောက်သွားတဲ့အခါ.... အပေါ်ကို တကူးတက ပြန်ရွှေ့နေ စရာမလိုပါဘူး ။
Status bar ကို တစ်ချက် နှိပ်လိုက်ပါ ။ 
အပေါ်ဆုံးကို ပြန်ရောက်သွားမှာပါ ။
ကဲ ..... အဆင်ပြေသွားပြန်ပြီ ။
 Hold Down Certain Keys. 
Keyboard  မှာ မြုပ်ထားတဲ့ Symbol လေးတွေ ရှိတယ်နော် ။
Safari မှာ URL တစ်ခုရိုက်လို့ရှိရင် .com ကိုရိုက်ဖို့တော့ ခလုတ်တစ်ခု ပါပါတယ် ။ 
.com မဟုတ်ဘဲ .net.mm .asia .net .mm .org စတာတွေကို ရိုက်ချင်ရင်တော့ ......
.com ခလုပ်ကို ခဏဖိထားလိုက်ပါ 
ဒါဆိုရင် ပေါ်လာပါလိမ့်မယ်. ဒီ ခလုပ်တင်မကဘဲ အခြား Key လေးတွေမှာပါ မြုပ်ထားတာလေးတွေရှိပါတယ် ။
Letter မှာဆိုရင် E, Y, U, I, O, A, S, L, Z, C, N
Symbols တွေမှာတော့ Dollar Sign, Dash, Ampersand, Quotes, Period, Question Mark, Exclamation , Apostrophe, and Percent တွေကို နှိပ်ရင် တခြား Symbol လေးတွေ တွေ့နိုင်ပါတယ်။ 
Quick Caps and Symbol.
Capital Letter စာလုံးအကြီးကို မြန်မြန်ရိုက်ချင်ရင် ....
ပုံမှန်အတိုင်းဆိုရင် အပေါ်မျှား (Shift) လေး တစ်ချက်နှိပ်ပြီးမှ Capital Letter တို့Symbol တို့ကိုနှိပ်တတ် ပါတယ်။ အဲဒီလို မသုံးဘဲ အလျင်လိုရင်တော့  ...
Shift key က နေလိုချင်တဲ့ စာလုံးဆီကို တိုက်ရိုက် (Drag) ဆွဲချ သွားလို့ရပါတယ် ။
Tap Dots For Next Page.
Home Screen မှာ Slide တွေ တစ်ခု ကနေ တစ်ခု ကို swiping motion နဲ့ သွားရတာကို ငြီးငွေ့ တယ်ဆိုရင် ..... ဒီလိုလေး လုပ်ကြည့်ပါလား ။
Home Screen အောက်ခြေမှာ ရှိတဲ့ အစက်ကလေးတွေ (Dots) ကိုနှိပ်ပါ ။
ညာဖက်က Slide ကိုသွားချင်ရင် ညာ တစ်ချက် နှိပ်ပါ ။
ဘယ်ဖက်က Slide ကိုသွားချင်ရင် ဘယ် တစ်ချက်နှိပါ ။
Lock Screen Orientation.
ကိုယ်က Phone ကို ထောင်လိုက် လှဲလိုက် လုပ်ရင် iPhone Screen တွေက အသုံးပြုသူတွေနဲ့  အသားကျအောင် အလိုက်သင့်ပြောင်းပေးတယ်လေ ။ တစ်ခါတစ်လေ.... အိပ်နေရင်း Game ကစားတဲ့ အခါ စာဖတ်တဲ့ အခါ Auto Rotate တွေဖြစ်တော့ ကသိကအောင့်ဖြစ်တယ်ဟုတ် ? 
အဲ့ဒီလို မဖြစ်ချင်ဘူး ... ဆိုရင် ။ ဒါလေးများ လွယ်ပါတယ် ။
Home Button ကို (၂) ချက် နှိပ်ပါ ။ 
အာက်ခြေ ဘယ်ဘက် အစဆုံး သို့ ရောက်အောင် Swipe လုပ်ပါ
Portrait Orientation ကို နှိပ်ပါ ။ ( On / Off ) လုပ်လို့ ရပါပြီ ။
Close Background Application.
Application တွေ တစ်ခုပြီး တစ်ခု ဖွင့်ပြီး ပြန်ထွက်ရင် Phone Background မှာ Application တွေအများကြီး run နေပါတယ် ။ Battery လဲ အကုန်မြန်ပါတယ် ။
အဲ့ဒီ run နေတဲ့ Application တွေထဲက ကိုယ် ပိတ်ချင်တာတွေကို ပိတ်လို့ ရပါတယ် ။
ဘယ်လို လုပ်ရမလဲ ဆိုတော့ ........
Home Button ကို (၂) ချက် နှိပ်ပါ ။
ပေါ်လာတဲ့ Application icon တစ်ခု ပေါ်ကို ခဏဖိထားပါ ။ ( အနီရောင် အနှုတ်လက္ခဏာ)  ပေါ်မည် ။
ပိတ်ချင်သော Application icon မှ အနီရောင် အနှုတ်လက္ခဏာ လေးကို နှိပ်ပါ ။
iPhone, iPad, iPod Touch Firmwares Download
Apple iPhone ရဲ့  Firmware တွေကို Download လုပ်လို့ ရအောင် စုစည်းထားပါတယ် ။ ဒီ Post လေးကို ကိုမိုးသကြား ထံမှ ကူးယူ ဖေါ်ပြထားတာပါ ။
 Firmware ဆိုတာဘာလဲ ......?
 Firmware is something in-between "hardware" and "software" - hence the name "firmware". 
Hardware, in high-tech devices like phones, is any part of the phone that is physical and cannot be changed unless physically replaced. For example, most Verizon phones are LTE, while most T-Mobile phones are WCDMA. The two systems are incompatible. The Verizon phone contains an LTE chip that is hard-wired to only transmit and receive LTE signals. It could never be changed/upgraded to handle WCDMA signals. 
Software, meanwhile, refers to things that can be changed. In a computer, you can of course load new software whenever you want. You can even load a whole new operating system. The software is stored on in memory chips while in use, but as soon as the computer is turned off, whatever was in the memory chips is gone, but a copy is saved on the hard disk. 
Phones need to store various non-permanent things, too, such as an operating system software and roaming instructions. But it wouldn't be good if your phone lost its operating system (and thus became useless) every time you turned it off. 
Which is where firmware comes in. Firmware uses special memory chips that can hold information even when the phone is turned off and battery-less. It's sort of like hardware, because it acts just like a permanently-wired chip, but it's also like software because it can be changed at any time. 
Sometimes operating system updates are available that fix bugs in the way the phone works. Sometimes updates even add new features. These are firmware updates. 
iPhone
iPhone 3G
iPhone 3GS
iPhone 4
iPhone 4S
iPhone 5
iPad 1
iPad 2
New iPad
iPod Touch 2G
iPod Touch 3G
iPod Touch 4G
iPod Touch 5G
November 5, 2012
အလွဲများ၏နိဒါန်း ။
စင်္ကာပူမှာနေတဲ့ မြန်မာတွေရဲ့ Lifestyle ကို ဖော်ပြထားတဲ့ ဇာတ်လမ်းတိုလေးပါ ။
Manussiha Production ကရိုက်ကူးထားတာပါ ။
February 22, 2012
How to fix Shortcut Virus in Removable Media.
ခုတစ်လော မကြာခဏ ဆိုသလို Tumb Drive ထဲကနေ Shortcut Virus ဝင်နေပါတယ် ။
ဝင်ရောက်ပြီး ဆင့်ပွားကူးစက်သွားတတ်ပါတယ် ။
အဲ့ဒီလိုမျိုးတွေ ကြုံခဲ့ရင် ရှင်း နိုင်ဖို့ နဲ့  ၊ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏဖြေရှင်းရတတ်လို့ 
ဒီ Post လေးကို မှတ်တမ်း အဖြစ်ရေးလိုက်ပါတယ် ။
ကဲ စပြီး ရှင်းလိုက်ကြရအောင် .......
January 19, 2012
2012 Myanmar Calander for Mobile Phone .
Java platform ( jar ) အသုံးပြုသော Nokia , Sony Ericsson Mobile Phone များအတွက်သာ ဖြစ်ပါတယ် ။
Application ထုတ်လုပ်သူကတော့ Sm³ Technology ဖြစ်ပါတယ် ။
                        Mobile Phone အတွက် ၂၀၁၂ မြန်မာ ပြက္ခဒိန် ကို ဒေါင်းလုပ် ဆွဲပါ ။
                        အဲ့ဒီ File ကို Phone ရဲ့  Memory Card ထဲသို့ ထည့်ပါ ။
                        Phone မှ တဆင့် Memory Card Location သို့ သွားပါ ။
                        Install လုပ်ပါ ။
                                                                              ဒီလိုမြင်ရပါမယ် ။
Update Code A တွင် 2508
Update Code B တွင် 9125 ဟု ရိုက်ထည့်ပြီး
OK ကို နှိပ်ပါ။
ကဲ ....   ၂၀၁၂  မြန်မာ ပြက္ခဒိန် အသုံးပြုလို့ ရပါပြီ ။
Jar file ကို ဒီမှာဒေါင်းပါ ။
အဆင်မပြေရင် ပြန်ပြောခဲ့ပါ ။
January 11, 2012
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ၏ ဆု ရ ဇာတ်ကားများ ။
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်
ဓာတ်ပုံ RFA
ဓာတ်ပုံ Reuters
January 9, 2012
Photo Recovery
Camera Card , Thumb Drive တွေထဲက ဓါတ်ပုံတွေ ပျောက်ကုန်တာ ၊ မှားဖျက်မိတာ ၊
အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတာတွေ အတွက် ဓါတ်ပုံတွေကို ပြန်ရှာပေးမဲ့ Magic Photo Recovery Software လေးပါ ။
File size လေးလဲသေးပါတယ် ။ အသုံးပြုရတာလဲ လွယ်ပါတယ် ။
အသုံးပြုပုံကို ပုံလေးတွေနဲ့ ရှင်းပြထားပေးပါတယ် ။
January 7, 2012
iPhone အတွက် mp3 Ring tone လုပ်ကြမယ် ။
iPhone နဲ့  ပတ်သက်တဲ့  အကြောင်းတွေ  Software တွေ ကို
စိတ်ဝင်စားမိအောင် လုပ်ပေးတဲ့  ညီမလေး ဖုန်းဖုန်း  ကို  ဒီနေရာကနေ
ကျေးဇူးတင်ကြောင်းပြောပါရစေ ။
iPhone အတွက် ring tone လုပ်ဖို့ အတွက် အရင်တခါ ရေးခဲ့တဲ့ Post ထက် ပို အဆင်ပြေတာလေး တွေ့ လို့ 
Bigasoft iPhone Ringtone Maker v1.6.6.3600 Software Full version တင်ပေးလိုက်ပါတယ် ။
အသုံးပြုပုံ အဆင့်ဆင့်ကို ပုံလေးတွေ နဲ့ ရှင်းပြထားပေးတယ်နော် ။