August 7, 2010
February 14, 2010
February 5, 2010
January 17, 2010
January 10, 2010
January 7, 2010
January 6, 2010
ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြပ်ကြည့်ရှုပေးခြင်း ။
ဆရာဝန်၊ ကျောင်းဆရာ၊ စာရေးဆရာ။
ဘ၀မှာ ဖြစ်ချင်သည့် ဆန္ဒက သုံးခုတောင် ဆိုတော့ အဲဒါတွေ အောင်မြင်အောင် ဟိုနည်းနည်း သည်နည်းနည်း လိုက်ကြိုးစား နေခဲ့ မိသည်မှာ ဆရာဝန် ဖြစ်ပြီး ၂၃နှစ် ကြာသွား ခဲ့သည်။
၂၀၀၈ ခုနှစ် ကတော့ တော်တော် ထူးခြားသည့် နှစ်ပါပဲ။
အဲသည့် ဆန္ဒတွေ အားလုံး ပြည့်သွားသည်။
တစ်ခု ပြီးမှ တစ်ခု မဟုတ်။ ၀ုန်းခနဲ ပြိုင်တူ လိုလို နီးပါး ပြည့်ဝ သွားတာပါ။
သည်တော့ အဲသည့် ရပ်ဝန်း သုံးခု စလုံးက ကျွန်တော့် အချိန်တွေကို တောင်းဆိုမှုတွေ များလာသည်။ တစ်ခုခု မှာ သို့မဟုတ် သုံးခု စလုံးမှာ အနည်း နှင့် အများ လစ်ဟင်းမှုတွေ ရှိလာ တော့မည်။
ရှေ့ခရီး ဘယ်လို ဆက်လျှောက် ရမည်မှာ မျှော်ကြည့်တိုင်း မှုန်ဝါးဝါး။
ကိုယ်ကလည်း ဘယ်ဘက်က မှ မလျော့ချင်။
ယူချင်တာ ယူသွားတော့ ဟု မိသားစု ဘ၀ ကလေး မိုးနတ်မင်း ဆီ အပ်ထား ခဲ့တာ ကြာပေါ့။

စိန်တုံးကြီးအကြောင်း ဇာတ်သိမ်း ။
စိန်တုံးကြီးများ အကြောင်း ပေါင်းချုပ် မထွက်သေးဘူး လားဟု မေးသူတွေ ခဏခဏ ကြုံရသည်။ အယူအဆ အမှား များလောက် ရေးစရာပေါသော ခေါင်းစဉ်ကိုပင် ကိုးလတည်း ရေးခဲ့သော ဒေါက်တာရဲသည် တစ်ခါမှ အကြာကြီး ရေးနေ၍ အံ့ဩ ကြဟန် တူသည်။ စရေးတုန်းက ပါမောက္ခရဲ ဖြစ်သည် အထိ ရေးမှာဟု နောက်တီးနောက်တောက်ရေးခဲ့ရာ ယခုတော့ ပါမောက္ခလည်း တကယ်ဖြစ်သွားခဲ့ပြီ၊ စိန်တုံးကြီး ဆိုသည့် စကားလုံး၏ ပိုင်ရှင် အစစ် အစ်ကို ဆရာ ပါမောက္ခ ဦးဖေသက်ခင် လည်း ကလေး အထူးကု ဆရာဝန် ဘဝကို ကျောခိုင်း၍ အငြိမ်းစား ယူသွားသည့် အဖေဆရာ နေရာမှာ ပါမောက္ခချုပ်ကြီး ဖြစ်နေပြီ။
ပေါက်ကရ ကောက်စားသည့် စိန်တုံးကြီး ။
စိန်တုံးကြီးများ အကြောင်းလည်း နှစ်သက်ကြသည် ကြား၍ ဝမ်းသာရသည်။ အရင် `ဒါစိုးရိမ်စရာလား´ တော့ ရတာသိုက် အုပ်စုက လုံးချင်းစီစဉ်နေတာ တော်တော် ခရီးရောက်နေပြီ ဆိုပဲ။ စိန်တုံးကြီးလည်း ဆက်ထုတ်မည်တဲ့။ ဖြည်းဖြည်းပေါ့။ အေးအေးဆေးဆေး ခပ်ရှည်ရှည်လေး ရေးပါရစေဦးဟု ပြောထားသည်။
ရင်ကျပ်ပန်းနာ ဆိုလိုက်တာနှင့် ။
ဒီတစ်ခေါက် မကွေး ပြန်ရောက်တော့ ပါမောက္ခ၊ ဌာနမှူး အဆင့်မို့ အလုပ်ပိုများလာသည်။ မိသားစုရှိရာ ရန်ကုန်သို့ ခဏခဏ မပြန်ဖြစ်။ ရန်ကုန်က ဆေးခန်းကိုလည်း သူငယ်ချင်းနှင့် ထားခဲ့ရသည်။ အဲဒီ သူငယ်ချင်းက ဘွဲ့အားလုံးနီးနီး ကျွန်တော်နဲ့ အတူတူ ရခဲ့ပြီး အသက်တောင် ၁၃ရက်တည်း ငယ်သည့် တန်းတူအဆင့် ဆရာဝန်ကြီးပါ။ စိတ်ရှည်တဲ့ နေရာမှာ ကိုယ့်ထက် သာသေးသည်။